နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 24, 2008

ဘုရားရှိခိုးရသောအကျိုး-

ဘုရားရှိခိုးရသောအကျိုး (ရှစ်လုံးဘွဲ့ကဗျာ)

၁။ မြတ်ဘုရား၌ ၀တ်တွားရိုသေ၊ သဒ္ဓါ သတိ ဓိတိပုညေ။
နေ့စဉ်ပွါးလို့ ပယ်ရှားကိလေ၊ နှစ်သက်ခြင်း ရွှင်ခြင်းပါမောဇ္ဇေ။
၂။ ဘေးနှင့်ရန်မျိုး ပယ်ချိုးနိုင်သလေ၊ ဆင်းရဲကြုံလည်း ခံသည်းမသွေ။
မြတ်ဗုဒ္ဓနှင့် တကွတူနေ၊ ပူဇော်ထူး ညွှတ်ဦးခံထိုက်ပေ။
၃။ ဗုဒ္ဓစင်စစ် ဖြစ်လိုက်ချင်သလေ၊ ရှက်ကြောက်နှစ်ပါး ထင်ရှားပေါ်ချေ။
သေမှာမကြောက် ဆိုက်ရောက်နတ်ပြေ(ပြည်)၊ ရှိ-ရှိခိုး ကောင်းကျိုးအထွေထွေ။
၎။ မြတ်ဗုဒ္ဓအား ၀တ်တွားကော်ရော်၊ ရှိခိုးရကျိုး ကိုးမျိုးဖွင့်ဖေါ်။
ဝိသုဒ္ဓိကျမ်း ရွှင်လမ်းအလျော်၊ ကဗျာဖွင့် ဉာဏ်ဖြင့်ရှု၍မျှော်။

သာဓု သာဓု သာဓု။

No comments: