နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 26, 2008

မိုးညှင်း ဆရာတော် သြ၀ါဒ-

မိုးညှင်းတောရ ဆရာတော်ဘုရားကြီး၏ နေ့စဉ်သတိရအောင် ပြဆိုရာသြ၀ါဒ

၁။ အိုကွဲ သေကွဲ၊ ကံနှစ်တွဲ၊ အမြဲနေ့တိုင်းရှု။
၂။ အကုသိုလ်ပြုက၊ အပါယ်ကျ၊ ကုသိုလ်ပြုမှ၊ ကောင်းရာရ၊ ကံသာမူလ၊ ဖြစ်သမျှ။
၃။ ခပ်သိမ်းသတ္တ၀ါ၊ ကံကိုသာ၊ ဥစ္စာအစစ်မှတ်။
၎။ ခပ်သိမ်းသတ္တ၀ါ၊ မွေခံမှာ၊ ကံသာအစစ်မှတ်။
၅။ ခပ်သိမ်းသတ္တ၀ါ၊ ချမ်းသာကြောင်းမှာ၊ ကံသာအစစ်မှတ်။
၆။ ခပ်သိမ်းသတ္တ၀ါ၊ ဆွေမျိုးမှာ၊ ကံသာအစစ်မှတ်။
၇။ ခပ်သိမ်းသတ္တ၀ါ၊ ကိုးကွယ်ရာ၊ ကံသာအစစ်မှတ်။
မဖြစ်ကုန်သေး၊ ကုသိုလ်လေး၊ ဖြစ်ရေးအားထုတ်ပါ။
ဖြစ်ပြီးအမှန်၊ ကုသိုလ်ကံ၊ ပွားရန်မမေ့ရာ။

No comments: