နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 27, 2008

အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း၊

သိကြားမင်းမှ မြတ်စွာဘုရားအား ဤသို့မေးလျှောက်သည်။

အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာနေရပါသနည်း၊
အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း၊
ဂေါတမအနွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်
ဘယ်တရား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်းဟုမေးလျှောက်လေသော်

အမျက်ထွက်ခြင်း ဒေါသကိုဖြတ်တောက်သော် ချမ်းသာစွာနေရ၏။
အမျက်ထွက်ခြင်း ဒေါသကိုဖြတ်တောက်သော် မစိုးရိမ်ရ။
အဆိပ်ကအရင်းအမြစ် ချိုမြိန်ခြင်းက အဖျားရှိသော
အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို သူတော်ကောင်းတို့ ချီးမွမ်းကုန်၏။

No comments: