နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, March 25, 2008

ပဌမ ဗလသုတ်... အားရှစ်မျိုး...

ပဌမ ဗလသုတ်

အားရှစ်မျိုးမှာ-

၁။ ငိုကြွေးခြင်းသည် ကလေးသူငယ်တို့၏ ကိုးစားရာ အားတည်း။
၂။ အမျက်ထွက်ခြင်းသည် မိန်းမတို့၏ ကိုးစားရာ အားတည်း။
၃။ လက်နက်အမျိုးမျိုးသည် ခိုးသူဓားပြတို့၏ ကိုးစားရာ အားတည်း။
၎။ ကျယ်ဝန်းသောနိုင်ငံကို အစိုးရခြင်းသည် ပြည့်ရှင်မင်းတို့၏ ကိုးစားရာ အားတည်း။
၅။ သူတစ်ပါးတို့ကို ကြံကြံဖန်ဖန် ကဲ့ရဲ့ခြင်းသည် လူမိုက်တို့၏ ကိုးစားရာ အားတည်း။
၆။ သေချာစွာ စူးစိုက်ဆင်ခြင်ခြင်းသည် ပညာရှိတို့၏ ကိုးစားရာ အားတည်း။
၇။ အဖန်ဖန် စဉ်းစားဆင်ခြင်ခြင်းသည် အကြားအမြင်များသူတို့၏ ကိုးစားရာ အားတည်း။
၈။ သူတစ်ပါးတို့၏ လွန်ကျူးလာသည့် အပြစ်ကို အမျက်မထွက် သည်းခံခြင်းသည် သူတော်ကောင်းတို့၏ ကိုးစားရာ အားတည်း။

၇ - ပဌမ ဗလသုတ်၊ ဂဟပတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

No comments: