နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 9, 2008

ရာဂ ဒေါသ မောဟကုန်ရာ အကျင့်မြတ်သည်ကား-

အရှင်ဘုရား အကျင့်မြတ်သည် အဘယ်ပါနည်း။
အကျင့်မြတ်၏ အဆုံးကား အဘယ်ပါနည်း။

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အကျင့်မြတ်တည်း။

၁။ မှန်ကန်သောအမြင်၊ သမ္မာဒိဋ္ဌိ။
၂။ မှန်ကန်သော အကြံအစည်၊ သမ္မာသင်္ကပ္ပ။
၃။ မှန်ကန်သော စကားကို ပြောဆိုခြင်း၊ သမ္မာဝါစာ။
၎။ မှန်ကန်သော အမှုကို ပြုခြင်း၊ သမ္မာကမ္မန္တ။
၅။ မှန်ကန်သော အသက်မွေးခြင်း၊ သမ္မာအာဇီဝ။
၆။ မှန်ကန်သော အားထုတ်ခြင်း၊ သမ္မာဝါယာမ။
၇။ မှန်ကန်သော ဆင်ခြင်အောက်မေ့ခြင်း၊ သမ္မာသတိ။
၈။ မှန်ကန်သော စိတ်တည်ကြည်ခြင်း၊ သမ္မာသမာဓိ။

စွဲမက်မှု ရာဂကုန်ရာ၊ အမျက်ထွက်မှု ဒေါသကုန်ရာ၊ တွေဝေမှု မောဟကုန်ရာသည်
အကျင့်မြတ်၏ အဆုံးဖြစ်၏ဟု မြတ်စွာဘုရား မိန့်တော်မူ၏။

အညတရဘိက္ခု၊ အ၀ိဇ္ဇာဝဂ်၊ မဟာဝဂ္ဂသံယုတ်၊ စာ-၇။

No comments: