နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 9, 2008

ကိုးကွယ်ရာလေးပါး-

ကိုးကွယ်ရာလေးပါး-

ဗုဒ္ဓသာသနာ၌
၁။ ဘုရား၊
၂။ တရား၊
၃။ သံဃာ၊
၎။ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာလေးပါးရှိသည်။

ဘုရား တရား သံဃာ ကိုးကွယ်ရာ သုံးပါးကား သာသနာတွင်း၌သာရှိသည်။
ကုသိုလ်ကံကား သာသနာတွင်း၌လည်းကောင်း၊
သာသနာပ၌လည်းကောင်း အခါခပ်သိမ်းရှိသည်။
လောက၌ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာနှင့်
ကင်းကွာသည့် အခါကာလဟူ၍မရှိ၊
ယခုအခါသည် ဘုရားသာသနာအတွင်း၌ဖြစ်၍ ကိုးကွယ်ရာအစုံအလင်ရှိ၏။
သို့ပါလျက် ကိုးကွယ်ရာတို့ကို ပြစ်ပယ်ပြီး
အတိတ်က ကံကြွင်းဖြင့်သာ နေကြလျှင် အမှားကြီးမှား၏။

No comments: