နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 14, 2008

တင့်တယ်လှပ ပျိုနုကြ-

ဒုတိယတိပိဋက ဓမ္မဘဏ္ဍာဂါရိက ပခုက္ကူဆရာတော် ဘဒ္ဒန္တနေမိန္ဒ၏-

ဆင်ခြင်သုံးသပ် ရှုမှတ်ဖွယ်ရာ ဓမ္မလင်္ကာ-

၁။ တင့်တယ်လှပ ပျိုနုကြ အိုရနောက်ဆုံးပါတကား။
၂။ ရောဂါကင်းပ ကျန်းမာကြ နာရနောက်ဆုံးပါတကား။
၃။ မြူးပျော်ရွှင်ပျ သက်ရှင်ကြ သေရနောက်ဆုံးပါတကား။
၎။ ပျော်ရွှင်မြူးကြွ ပေါင်းသင်းကြ ကွဲရနောက်ဆုံးပါတကား။
၅။ စည်းစိမ်တက်ကြွ ခင်မင်ကြ ခွဲရနောက်ဆုံးပါတကား။
၆။ ၀တ်စားဆင်သ ပြုပြင်ကြ အသုဘအမှန်ပါတကား။
၇။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနိစ္စအမှန်ပါတကား။
၈။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ ဒုက္ခအမှန်ပါတကား။
၉။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနတ္တအမှန်ပါတကား။
၁၀။ ဖြစ်ပြီးပျက်ရ မမြဲကြ အနိစ္စအမှန်ပါတကား။
၁၁။ ဖြစ်ပျက်ဒဏ်ကျ ဆင်းရဲရ ဒုက္ခအမှန်ပါတကား။
၁၂။ ဖြစ်လျှင်ပျက်ရ အလိုမကျ အနတ္တအမှန်ပါတကား။

No comments: