နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 9, 2008

မည်သည့်ကုသိုလ်ကံမျိုးကမှ မတားမြစ်နိုင်-

မည်သည့်ကုသိုလ်ကံမျိုးကမှ မတားမြစ်နိုင်သောတရား ၁၀-ပါး

ကာယာနုဂတတရား ၁၀-ပါး

မည်သူမဆို ကိုယ်ကာယ ရရှိသူတိုင်းကို
အစဉ်အမြဲလိုက်၍ နှိပ်စက်တတ်သော တရားမျိုးဖြစ်သည်။

(၁) သီတံ- အေးခြင်း၊
(၂) ဥဏှံ- ပူခြင်း၊
(၃) ဇိဃစ္ဆာ- ဆာလောင်ခြင်း၊
(၄) ပိပါသာ- ရေငတ်ခြင်း၊
(၅) ဥစ္စာရော- ကျင်ကြီးစွန့်ရခြင်း၊
(၆) ပဿာဝ- ကျင်ငယ်စွန့်ရခြင်း၊
(၇) ထိနမိဒ္ဓ- အိပ်ငိုက်ခြင်း၊
(၈) ဇရာ- အိုရခြင်း၊
(၉) ဗျာဓိ- နာရခြင်း၊
(၁၀) မရဏ- သေရခြင်း။

ဆဋ္ဌ-မိလိန္ဒပဥှာ ၂၄၆။

No comments: