နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 14, 2008

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ-

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ-

ရဟန်းသံဃာတော်တို့အား ဆွမ်းကပ်လာသောအခါ၊
အကပ်မြောက်ကြောင်း အင်္ဂါငါးပါးကို သိထားရန် လိုပါသည်။

၎င်းကိုဝိနည်းလင်္ကာဖြင့်သိပါ-

(၁) ရှေးရှုလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်း နှစ် လောက်၊ ကျမ်းလာထောက် ကပ်မြောက်အင်္ဂါငါးပါးတည်း။

မှတ်ချက်။ ။
(၃)၌ ယခုခေတ် အားကောင်းသူတစ်ယောက် မနိုင်သော ၀တ္ထုကိုဆိုလိုသည်၊

(၄)၌ ကိုယ်ဖြင့်ပေးခြင်း ကိုယ်နှင့်စပ်သော ဇွန်းယောက်မစသည်တို့ဖြင့်ပေးခြင်း၊
နှစ်တောင့်ထွာအတွင်း၌ ပစ်မြှောက်လှိမ့်တွန်း၍ပေးကပ်ခြင်း၊ သုံးမျိုးကိုဆိုသည်၊

(၅)၌ ကိုယ်ဖြင့်ခံယူခြင်း၊ ကိုယ်နှင့်စပ်သော ခွက် သပိတ် ခုံစသည်တို့ဖြင့်ခံယူခြင်းနှစ်ပါးကိုဆိုသည်။

ဆွမ်းလှူခြင်းကြောင့်---ဤအကျိုးတရား ၅-ပါးရရှိပါသည်-

(၁) အာယုအသက်ရှည်ခြင်း၊
(၂) ၀ဏ္ဏ= အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ= ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ= ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန= သင့် မသင့်၊ မှန် မမှန် ဝေဖန်ဉာဏ်ရှိခြင်း။

No comments: