နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 4, 2008

သေမင်းနှိပ်စက်ခံရသူအား သားလည်းမကယ်နိုင်-

သေမင်းနှိပ်စက်ခံရသူအား သားလည်း မကယ်နိုင် သမီးလည်း မကယ်နိုင်ပါ-



မည်သူများ ကယ်နိုင်ပါဦးမည်နည်း-

န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓ၀ါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

သေမင်းနှိပ်စက်ခံရသူအား သားလည်းမကယ်နိုင်၊
ဆွေမျိုးမိဘတွေကလည်း မကယ်နိုင်၊
သားသမီး ဆွေမျိုး မိဘတို့သည်
သေမင်း နှိပ်စက်ခံရသူအတွက် ကိုးကွယ်ရာ မဖြစ်နိုင်။

ဂါထာ ၂၈၈၊ ၁၂-ပဋာစာရာဝတ္ထု ဓမ္မပဒ။

No comments: