နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 4, 2008

ဥဒါန်းပါဠိတော်၊ မေဃိယ၀ဂ်၊ ဥဒ္ဓတသုတ်။

မတည်ကြည် မစောင့်စည်းသော ရဟန်းတို့ကြောင့်-



ဣနြေ္ဒ မစောင့်စည်းသော ရဟန်းတို့-

မြတ်စွာဘုရားသည်
ကုသိနာရုံမြို့ အင်ကြင်းဥယျာဉ်တော၌ သီတင်းသုံးနေတော်မူစဉ်-

များစွာသော ရဟန်းတို့သည် ရောက်တတ်ရာရာ စကားပြောကုန်ပြီး
မတည်ကြည် မစောင့်စည်းသော ဣနြေ္ဒဖြင့်
မြတ်စွာဘုရား၏ မနီးမဝေးသော တောကျောင်း၌ နေကြကုန်၏။

မြတ်စွာဘုရားသည် အချီးနှီးသော ထိုရဟန်းတို့ကို မြင်တော်မူ၍။

မစောင့်ရှောက်သော ကိုယ် နှုတ် စိတ် တို့ဖြင့် လည်းကောင်း၊
မိစ္ဆာအယူနှင့် ထိနမိဒ္ဓစိတ်ဖြင့် နေသောရဟန်းသည်
ကိလေသာ၏ နှိပ်စက်မှုကိုခံရ၏။

ထို့ကြောင့် ရဟန်းဟူသည် စောင့်ရှောက်သော ကိုယ်စိတ်ရှိသူ ဖြစ်ရာ၏။
မှန်ကန်သော ကြံစည်မှု ရှိရာ၏။
မှန်ကန်သော အယူကို ယူရာ၏။
သင်္ခါရတို့၏ ဖြစ်ပျက်မှုကို သိ၍ ထိနမိဒ္ဓကို နှိမ်နင်းကာ
ဒုက္ခသုံးမျိုးတို့ အနှိပ်စက်ခံနေသော ဂတိအားလုံးတို့ကို စွန့်ပယ်နိုင်ရာ၏ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။

ဥဒါန်းပါဠိတော်၊ မေဃိယ၀ဂ်၊ ဥဒ္ဓတသုတ်။

No comments: