နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၈။ ပျက်စီးကြောင်းတရား-

မိန်းမ အရက် လောင်းကစား ၀ါသနာပါက ပျက်စီးကြောင်း-

မိန်းမ အရက် လောင်းကစား ၀ါသနာပါက ပျက်စီးကြောင်း

မာန်ကိုမာန်ဖျက် မာနတက် ဆက်ဆက်မှားလေပြီ၊
အရှင်ဟောကြား ထိုတရား မှတ်သားရပါသည်၊
ယခုတစ်ဖန် ပျက်စီးဟန် ဟောရန်လျှောက်ပါသည်။

မိန်းမအရက် ကစားဖက် ပျော်ပျက်နေသူမှာ၊
ရလေသမျှ ငွေဓန ကုန်ကျပျက်စီးမှာ၊
ဤသည့်အတွက် ထိုသုံးချက် ထိပ်ထက်မှတ်လေပါ။

ဆိုလိုရင်း

၁။ မိန်းမလိုက်စားခြင်း၊
၂။ အရက်သောက်သုံးခြင်း၊
၃။ လောင်းကစားကြူးခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: