နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၇။ ပျက်စီးကြောင်းတရား-

မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား-

မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား

ခြောက်ကြိမ်မြောက်လည်း နာမညည်း
ခုနှစ်ကြိမ်မြောက် ထပ်မံလျှောက် မိန့်ထောက်စကားဆို။

မျိုးနွယ်ဥစ္စာ မာန်တက်ခါ မညှာဆက်ဆံသည်၊
အမျိုးကိုပင် ထေမဲ့မြင် မာန်ဝင်မှားလေပြီ၊
ဂုဏ်နေမတက် သရေပျက် မိုက်ထက်မိုက်တော့သည်၊
ဤသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်း မှတ်လေတည်။

ဆိုလိုရင်း

၁။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊
၂။ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊
၃။ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: