နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၃။ ပျက်စီးကြောင်းတရား-

ပျက်စီးကြောင်းတရား ၅-ပါး-


ပျက်စီးကြောင်းတရား ၅-ပါး

သမန္တစက္ခု သဗ္ဗညု အတုလ ပရမေဘုရား၊
ထိုမှတစ်ဖန် ပျက်စီးဟန် နာခံလိုပါသေးသည်ဘုရား၊
ဉာဏ်တော်ကွန်ရက် ဖြန့်ကာကြက် ဟောမြွက်ဆက်တရား။

သို့ဖြစ်သော်ငြား မောင်နတ်သား နာကြားသတိပြု၊
အအိပ်စုံမက် သဘင်ဖက် မဖက်ထကြွမှု၊
အပျင်းထူပြန် ဒေါသထန် စောင်မာန်ထောင်လွှားပြု၊
ဤသူလည်းကောင်းပျက်စီးကြောင်း ထပ်လောင်းမှတ်လေဟု။

ဆိုလိုရင်း

၁။ အအိပ်စုံမက်ခြင်း။
၂။ ပွဲလမ်းသဘင် လိုက်စားခြင်း။
၃။ ထကြွလုံ့လ မရှိခြင်း။
၎။ ပျင်းရိထိုင်းမှိုင်းခြင်း။
၅။ အမျက်တံခွန်ထောင်ခြင်း။


ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: