နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၁၁။ ပျက်စီးကြောင်းတရား-

သေသောက်ကြူးအား အကြီးအကဲထားမိ၍ ပျက်စီးကြောင်းတရား-

သေသောက်ကြူးအား အကြီးအကဲထားမိ၍ ပျက်စီးကြောင်းတရား

မှတ်သားဖွယ်ရာ အဖြာဖြာ ဓမ္မာထိုတရား၊
ဆယ့်တစ်ကြိမ်မြောက်ထပ်မံလျှောက် ၀မ်းမြောက်ပါစေသား။

အစားအသောက် မီးလိုတောက် ဟိန်းဟောက်ငြူစူစူ၊
ဖယိုဖရဲ ထိန်းသိမ်းကဲ အမွဲအောင်လံထူ၊
ထိုသည့်မိန်းမ ကြီးကဲလှ စိုးရတင်လေမူ၊
ထိုသူလည်းကောင်းပျက်စီးကြောင်း
ထပ်လောင်းမှတ်လေဟု။

ဆိုလိုရင်း

သောက်စားပျော်ပါးကြူး၍ ပိုက်ထုပ်သိမ်းဆည်းခြင်းမရှိ ဖရိုဖရဲဖြန့်ကြဲတတ်သော မိန်းမကိုသော်၎င်း ယောက်ျားကိုသော်၎င်း၊ အိမ်၌ဖြစ်စေ တစ်စုံတစ်ခုသော အလုပ်အကိုင်၌ဖြစ်စေ အသင်းအပင်း၌ဖြစ်စေ အကြီးအကဲ ဥက္ကဌ အဖြစ်ခန့်ထားခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: