နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 5, 2008

၉။ ပျက်စီးကြောင်းတရား-

သူတစ်ပါးသားမယားနှင့် ပျက်စီးကြောင်းတရား-

သူတစ်ပါးသားမယားနှင့် ပျက်စီးကြောင်းတရား

နတ်တို့အရှင် ကျွန့်ထိပ်တင် ပန်ဆင်တော်မူဘုရား၊
နတ်လူတို့မှာ ပျက်စီးရာ များစွာထင်အရှား၊
ကြွင်းကျန်သမျှ ဟောဖေါ်ပြ မိန့်မှသိရပါမည်ဘုရား။

ဇနီးမယား အနီးထား စိတ်များမငြိမ်ပါ၊
ပြည့်တန်ဆာမ ကိုယ်ကာယ အားကြမက်မောကာ၊
သူ၏မယား အမြှောင်ထား ဖောက်ပြား လူ့မိစ္ဆာ၊
ထိုသူလည်းကောင်းပျက်စီးကြောင်း
ထပ်လောင်းမှတ်လေပါ။

ဆိုလိုရင်း

ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။

ပရာဘ၀သုတ် -မှ- အင်္ဂုတ္တိုရ်ပါဠိတော်။

No comments: