နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 2, 2008

ဆဲရေးခြင်း ၁ဝ-ပါး-

ဆဲခြင်းသည် ရိုင်းပြသောအရာဖြစ်၍ မဆဲသင့် မပြောသင့်ချေ-

ဆဲရေးခြင်း ၁ဝ-ပါး

ထိုဆဲရေးခြင်း ၁ဝ-ပါးသည် ဝစီဒုစရိုက်တရားချည်းဖြစ်ရကား၊
ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊

လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍ မဆဲသင့် မပြောသင့်ချေ၊

၁။ ဇာတိ= သာကီယမျိုး၊ စဏ္ဍာလမျိုးစသည်ဖြင့်ဇာတ်ကို ထိပါး၍ ဆဲရေးခြင်း။
၂။ နာမ= ဦးမျိုးယုတ်, ကိုဉာဏ်ကြီးရှင် စသော အမည်နာမတို့ဖြင့် ထိပါး၍ ဆဲရေးခြင်း။
၃။ ဂေါတ= နေမျိုးနွယ်, ပုဂံပြည် သဗ္ဗညုဆက်, ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကိုခိုက်၍ ဆဲရေးခြင်း။
၎။ ကမ္မ= ဖိနပ်တိုက်သမား, ချေးကျုံးသမားကြီး, စိန်ကုန်သည်ကြီး စသည်ဖြင့် အလုပ်အကိုင်ကိုစွဲ၍ ဆဲရေးခြင်း။
၅။ သိပ္ပ= အင်ဂျင်နီယာ ပါရဂူကြီး, ကျူထရံရက်ဝိဇ္ဇာကြီး, စသည်ဖြင့် အတတ်ပညာကိုစွဲ၍ ဆဲရေးခြင်း။
၆။ အာဗာဓ= ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့် အနာရောဂါကိုထိခိုက်၍ ဆဲရေးခြင်း။
၇။ လိင်္ဂ= လံဗားကြီး, အသူရိန်ကြီး, ငပု, ညှပ်စိ, ငကုန်း, မယ်ဗမာ, မောင်ဒဂုံ, စသည်ဖြင့် အသွင်ကိုစွဲ၍ ဆဲရေးခြင်း။
၈။ ကိလေသ= တဏှာအိုး, ဒေါသကုမ္မာ, ဝိတက်ကြီး စသည်ဖြင့် ကိလေသာတစ်ပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း။
၉။ အာပတ္တိ= ပါရာဇိက ,သံဃာဒိသိသ်, ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ်အမည်ကိုတပ်၍ ဆဲရေးခြင်း။
၁ဝ။ အက္ကောသ= နင့်အမေ နင့်နှမ, ခွေးမသား, ခွေးသား, ဝက်မြေး, မဟောသဓာ, ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။
ဝိနည်းပါဠိတော်။

တနည်း- ဆဲရေးခြင်း ၁ဝ-ပါး

(၁) စောရောသိ= သူခိုး၊
(၂) ဗာလောသိ= ငမိုက်၊
(၃) မူဠောသိ= ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊
(၄) ထေနောသိ= သူခိုး၊
(၅) သြဠောသိ= ငကုံး၊ ကလားအုဋ်၊
(၆) မေဏ္ဍောသိ= သိုး၊ ဆိတ်၊
(၇) ဂေါဏောသိ= ငနွား၊ နွားကောင်၊
(၈) ဂဒြဘာသိ= မြည်းကောင်၊
(၉) တိရစ္ဆာနဂတောသိ= တိရစ္ဆာန်ကောင်၊
(၁ဝ) နေရယိကောသိ= ငရဲကောင်။

သံယုတ်။ ဋ္ဌ။ ပ အုပ်။ ၂ဝဝ