နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏-

အထက်အရပ် မည်သော
သမဏဗြာဟ္မဏ တို့ကို ပြုစုအပ်ကုန်၏။

၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ဝစီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ် လှူဒါန်းလိုသော စိတ်စေတနာဖြင့် လည်းကောင်း၊
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူ ခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည်
ခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။

၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်စေကုန်၏။
၃။ ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသေးသော တရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးပြီးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ခရီးကို ပြောကြားကုန်၏။

အထက်အရပ် မည်သော သမဏဗြာဟ္မဏတို့သည်
ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ အထက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။

သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။