နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, June 11, 2008

လောင်းကစားခြင်း အပြစ် ၆-ပါး-

လောင်းကစားခြင်း အပြစ် ၆-ပါး-

မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ ရှိခြင်း၌ အပြစ်တို့သည်
ဤ ၆-ပါး- တို့ပေတည်း

၁။ နိုင်သော် ရန်ပွား၏၊
၂။ ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏၊
၃။ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်၏၊
၎။ တရားရုံး၌ ထိုသူ၏ စကားသည် မတည်၊
၅။ အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုကြ၏၊
၆။ ''ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်'' ဟု
သမီးပေး သမီးယူပြုလိုကုန်သော သူတို့သည် အလိုမရှိကြကုန်။

လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။

လက္ခဏသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။