နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

အဆွေခင်ပွန်းယုတ်၏ အပြစ် ၆-ပါး-

မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌ အပြစ် ၆-ပါး

၁။ အကြင်သူတို့သည် လောင်းကစားကြူးကုန်၏၊
၂။ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏၊
၃။ အကြင်သူတို့သည် သေသောက်ကြူးကုန်၏၊
၎။ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏၊
၅။ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏၊
၆။ အကြင်သူတို့သည် အနိုင်အထက် ပြုတတ်ကုန်၏၊

ထို့ကြောင့် ပစ္စုပ္ပန်၌လည်းကောင်း၊
တမလွန်၌ လည်းကောင်း ပျက်စီးခြင်းသို့ ရောက်၏၊
မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌
အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။