နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

လူကို ဖျက်ဆီးတတ်ကုန်သော အကြောင်း ၆-ပါး-

'အဆွေ အဆွေ' ဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲဖြစ်လျက်၊
မျက်ကွယ်၌ ရန်သူသဖွယ် ဖြစ်သော သူသည် ဟန်ဆောင်မိတ်ဆွေမည်၏၊

အကြင်သူသည် အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏၊
ထိုသူသည် မိတ်ဆွေစစ် မည်၏။

၁။ နေမြင့်အောင် အိပ်ခြင်း လည်းကောင်း၊
၂။ သူတစ်ပါးမယားကို မှီဝဲခြင်း လည်းကောင်း၊
၃။ ရန်သူများခြင်း လည်းကောင်း၊
၎။ အကျိုးမဲ့ပြုခြင်း လည်းကောင်း၊
၅။ မကောင်းသော အဆွေခင်ပွန်းရှိခြင်း လည်းကောင်း၊
၆။ အလွန်စေးနှဲခြင်း လည်းကောင်း။

ဤအကြောင်းခြောက်ပါးတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။