နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေစစ်ဟုသိရန် အကြောင်း ၄-ပါး-

ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော
မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
၎။ ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ထိုပြောသည်ထက် နှစ်ဆသော စည်းစိမ်ကို ပေးတတ်၏။

ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော
ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊