နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏-

အောက်အရပ်မည်သော
အစေအပါး အလုပ်သမား တို့ကို ပြုစုအပ်ကုန်၏။

၁။ ခွန်အားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့် လည်းကောင်း။
၂။ ထမင်းရိက္ခာ ပေးခြင်းဖြင့် လည်းကောင်း။
၃။ မကျန်းမာသောအခါ ပြုစုခြင်းဖြင့် လည်းကောင်း။
၎။ ထူးဆန်းသော အရသာများကို ခွဲဝေပေးခြင်းဖြင့် လည်းကောင်း။
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာစသည် ပေးခြင်းဖြင့် လည်းကောင်း ပြုစုအပ် ကုန်၏။

အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။

၁။ အရှင်၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။
၂။ အရှင်အိပ်သည်မှ နောက်၌ အိပ်လေ့ရှိကုန်၏။
၃။ ပေးသည်ကိုသာ ယူလေ့ရှိကုန်၏။
၎။ အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။
၅။ အရှင်၏ ဂုဏ်သတင်းကို ဆောင်ကုန်၏။

အောက်အရပ် မည်သော အစေအပါး အလုပ်သမားတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။

ဤသို့ကောင်းစွာ ပြုစုသည်ရှိသော်
ဤ အောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။