နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏-

မြောက်အရပ်မည်သော
အဆွေခင်ပွန်း တို့ကို ပြုစုအပ်ကုန်၏။

၁။ ပေးကမ်း စွန့်ကြဲခြင်းဖြင့် လည်းကောင်း။
၂။ ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့် လည်းကောင်း။
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့် လည်းကောင်း။
၎။ မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့် လည်းကောင်း။
၅။ မချွတ်မယွင်း ပြောဆို ပေးကမ်းခြင်းဖြင့် လည်းကောင်း ပြုစုအပ်ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

၁။ မူးယစ်သော မိတ်ဆွေကို စောင့်ရှောက် ကုန်၏။
၂။ မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက် ကုန်၏။
၃။ ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ် ကုန်၏။
၎။ ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ကုန်။
၅။ ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက် ကုန်၏။

မြောက်အရပ် မည်သော အဆွေခင်ပွန်းတို့သည်
ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက် ကုန်၏။

ဤသို့ ပြုစုသည်ရှိသော်
ဤ မြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။