နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, June 9, 2008

မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး-

ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော
မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။


၁။ မူးယစ်မေ့လျော့ကြောင်း သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၂။ အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊
၎။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပေါင်းအဖော် ဖြစ်၏။

ဤအကြောင်းလေးပါးတို့ဖြင့်
ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေတုကို သိအပ်၏၊