နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 1, 2008

သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး-

လျှော်တေ သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး

သင်္ကန်း၏ ဂုဏ်ကျေးဇူး ၁၂-ပါး

၁။ အဖိုးနည်း၍ ကောင်းမွန်ပြီးလျှင် ရှင်ရသေ့တို့နှင့် အပ်စပ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၂။ မိမိလက်ဖြင့် ပြုလုပ်နိုင်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၃။ သုံးဆောင်ရာမှာ ဖြည်းဖြည်းသာ ညစ်နွမ်း၍ လျှော်သောအခါ ကိစ္စ ကျယ်ဝန်းမှုမရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၎။ သုံးဆောင်သဖြင့် ဆွေးသွားသော်လည်း ချုပ်စပ်ဖာထေးနေဖွယ်မရှိ စွန့်ပစ်လိုက်ရုံသာ ဖြစ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၅။ တဖန်အသစ်ရအောင် ရှာသောအခါ အလွယ်တကူရအောင် ပြုလုပ်နိုင်ခြင်း သည် ဂုဏ်ကျေးဇူးတစ်ပါး။
၆။ ရှင်ရသေ့အဖြစ်နှင့် လျောက်ပတ် သင့်လျော်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၇။ ရန်သူလူဆိုးတို့၏ အသုံးအဆောင် မဟုတ်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၈။ သုံးဆောင်သောသူမှာ တန်းဆာဆင်ရာ မရောက်ခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၉။ ဝတ်ရုံဆောင်ယူရာ၌ ပေါ့ပါးခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁ဝ။ သင်္ကန်းပစ္စည်း၌ အလိုနည်းခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၁။ လျှော်ကိုထုလျှင် တေလျှင်ပင် လျှော်တေသင်္ကန်း ဖြစ်နိုင်သဖြင့် လျှော်တေသင်္ကန်း ဖြစ်ပေါ်စေခြင်း၌ တရားနှင့်ညီ၍ အပြစ်မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။
၁၂။ လျှော်တေသင်္ကန်း ပျောက်ဆုံးပျက်စီးသွားသော်လည်း ငဲ့ကွက်နှမြောနေဘို့ မရှိခြင်းသည် ဂုဏ်ကျေးဇူးတစ်ပါး။