နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 1, 2008

သေတုစ္ဆမထေရ်-

သေတုစ္ဆမထေရ်ဝတ္ထု-

မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလာသော သေတုစ္ဆမထေရ်သည်
ဘုရားရှင့်တရားတော်ကို နာယူရသည့်အတိုင်း အားထုတ်သဖြင့်
ရဟန္တာဖြစ်သောအခါ လောကဓံကို သည်းမခံနိုင်သူတို့
သမာဓိမရနိုင်ကြောင်း ရွတ်ဆိုသောဂါထာဖြစ်ပါသည်။

ထောင်လွှားမှု'မာန်မာန'သည် လှည့်ပတ်အပ်ကုန်သည်ဖြစ်၍
အတွင်းအပဖြစ်ကုန်သော သင်္ခါရတရားတို့၌ ညစ်နွမ်းခြင်းသို့ရောက်ကုန်သော
လာဘ်ရခြင်း မရခြင်းကြောင့်ဖြစ်သော (ချစ်ခြင်း မုန်းခြင်းတို့) နှိပ်စက်ဖိစီးအပ်ကုန်သော သူတို့သည်
(သမထ ဝိပဿနာ၏ အစွမ်းဖြင့်) စိတ်တည်ကြည်မှုကိုမရနိုင်ကုန်။

ဤသို့လျှင် သေတုစ္ဆမထေရ်သည် ရွတ်ဆို၏။

ထေရ်ရ ထေရ်ရီဂါထာ။