နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 1, 2008

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုး-

အပရိဟာနိယသုတ်

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုး-

၁။ အမှုသစ်၌ မမွေ့လျော်ခြင်း။
၂။ စကားပြောမှု၌ မမွေ့လျော်ခြင်း။
၃။ အိပ်မှု၌ မမွေ့လျော်ခြင်း။
၎။ အပေါင်းအဖေါ်၌ မမွေ့လျော်ခြင်း။
၅။ ဆုံးမလွယ်သော စကားရှိသူဖြစ်ခြင်း။
၆။ မိတ်ဆွေကောင်း ရှိခြင်းတို့ပေတည်း။

ဤ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသောရဟန်းတို့သည်
ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်။

အပရိဟာနိယသုတ်၊ အနုတ္တရိယဝဂ်၊ အင်္ဂုတ္တိုရ်။ (ပြန်၊ဒု၊စာ-၃၅၂။)