နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 7, 2008

အဂုင်္လိမာလသုတ်-မှ...

ခြောက်ခုမြောက် အဂုင်္လိမာလသုတ်-မှ...

ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊
ပညာရှိ ယောက်ျားသည့် မမေ့မလျော့မှုကို မြတ်သော ဥစ္စာကဲ့သို့ စောင့်ရှောက်၏၊
မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်၊
ကာမဂုဏ်တို့၌ မွေ့လျော်ပေါင်းဖော်မှုကို အားမထုတ်ကြကုန်လင့်၊
မမေ့မလျော့ဘဲ ရှုဆင်ခြင်သူသည်သာ နိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏။

ငါ ရဟန်းဘ၀သို့ ရောက်လာခြင်းသည် ကောင်းသော ရောက်လာခြင်းပေတည်း၊
ငါ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည် မကောင်းသော ပြောဆိုခြင်းမဟုတ်၊
ကောင်းစွာ ဝေဖန်ဟောကြားသော တရားတို့တွင် အမြတ်ဆုံး နိဗ္ဗာန်သို့ရောက်ပြီ။
ဝိဇ္ဇာသုံးပါးတို့သို့ အစဉ်အားဖြင့် ရောက်ခဲ့ပြီ၊
မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုအပ်ပြီးပေပြီ။

ခြောက်ခုမြောက် အဂုင်္လိမာလသုတ်-မှ...အနည်းငယ်
အင်္ဂုလိမာလသုတ်၊ ရာဇ၀ဂ်၊ မဇ္ဈိမပဏ္ဏာသ။