နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 19, 2008

ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၇

ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်း {ဣန္ဒြိယေသု အဂုတ္တဒွါရတာ} ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း {ရူပါရုံ} ကို မြင်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက် ခြေစသော အမှတ်) လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့် စက္ခုနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ}ဟုဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊
ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုနြေ္ဒကို မစောင့်ရှောက်၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ မရောက်။


နားဖြင့် အသံ {သဒ္ဒါရုံ} ကို ကြားလတ်သော်။ ပ ။
နှာခေါင်းဖြင့်အနံ့ {ဂန္ဓာရုံ} ကို နံလတ်သော်။ ပ ။
လျှာဖြင့် အရသာ {ရသာရုံ} ကို လျက်လတ်သော်။ ပ ။
ကိုယ်ဖြင့်အတွေ့ {ဖောဋ္ဌဗ္ဗာရုံ} ကို တွေ့ထိလတ်သော်။ ပ ။
စိတ်ဖြင့် သဘောတရား {ဓမ္မာရုံ} ကို သိလတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက် ခြေစသောအမှတ်) လက္ခဏာငယ်ကိုစွဲယူ လေ့ရှိ၏၊ အကြင် အကြောင်းကြောင့် မနိနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ် ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ} ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို မနိနြေ္ဒကို စောင့်စည်းခြင်းငှါမကျင့်၊ မနိနြေ္ဒကို မစောင့်ရှောက်၊ မနိနြေ္ဒ၌ စောင့်စည်း ခြင်းသို့မရောက်၊ ဤခြောက်ပါးသော ဣနြေ္ဒတို့ကိုအကြင် မလုံခြုံစေခြင်း၊ မစောင့်ရှောက်ခြင်း၊ မစောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစုကို ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်း {ဣနြ္ဒိယေသု အဂုတ္တဒွါရတာ}ဟူ၍ ဆိုအပ်၏၊
ဤဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။