နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 6, 2008

ဒုတိယသတ္တသုတ်-

ဒုတိယသတ္တသုတ်- (သတ္တ=ခုနှစ်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည်.....
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။

ထိုအခါ သာဝတ္ထိပြည်သူ ပြည်သားတို့သည် အများအားဖြင့်
၁။ ကာမဂုဏ်တို့၌ ကပ်ငြိ၍ လည်းကောင်း၊
၂။ ကာမဂုဏ်တို့၌ တပ်စွန်း၍ လည်းကောင်း၊
၃။ ကာမဂုဏ်တို့၌ မက်မော၍ လည်းကောင်း၊
၎။ ကာမဂုဏ်တို့၌ ဖွဲ့နှောင်၍ လည်းကောင်း၊
၅။ ကာမဂုဏ်တို့၌ မိန်းမော၍ လည်းကောင်း၊
၆။ ကာမဂုဏ်တို့၌ မကန်းသော်လည်း ကန်းသကဲ့သို့ လည်းကောင်း၊
၇။ ကာမဂုဏ်တို့၌ ပြင်းစွာ ယစ်မူးခြင်းသို့ ရောက်ကာ နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည် သို့ ဆွမ်းခံဝင်တော်မူ၏။
မြတ်စွာဘုရားသည် အများအားဖြင့် ကာမဂုဏ်တို့၌ ကပ်ငြိကုန် တပ်စွန်းကုန် မက်မောကုန် ဖွဲ့နှောင်ကုန် မိန်းမောကုန် မျိုထားသကဲ့သို့ တည်ကြကုန် မကန်း သော်လည်း ကန်းသကဲ့သို့ ဖြစ်ကုန်လျက် ကာမဂုဏ်တို့၌ ပြင်းစွာပျက်စီးခြင်းသို့ ရောက်ကာနေကုန်သော သာဝတ္ထိပြည်သူ ပြည်သားတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်....ဤသို့ဆို၏.....

၁။ ၀တ္ထုကာမတို့၌ ကိလေသာ ကာမဖြင့် ကန်းသည်ကို အပြုခံရသူ
၂။ တဏှာတည်းဟူသော ပိုက်ကွန်ဖြင့် အဖုံးလွှမ်းခံရသူ
၃။ တဏှာတည်းဟူသော အမိုးဖြင့် ဖုံးအုပ်ခံရသူ
၎။ မြှုံးဝ၌၀င်ကုန်သော ငါးတို့သည် သေခြင်းသို့ ရောက်သကဲ့သို့ လည်းကောင်း၊
၅။ နို့စို့အရွယ် နွားသူငယ်သည် အမိနွားမကြီးသို့ လိုက်သကဲ့သို့လည်းကောင်း၊
၆။ ကိလေသာမာရ် ကိုယ်တွင်းရန်၏ အနှောင်အဖွဲ့ကို ခံကြရကုန်သည်ဖြစ်၍
၇။ အိုခြင်းသေခြင်းသို့ အစဉ် လိုက်ကြရကုန်၏ ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

စတုတ္ထသုတ်။
ဒုတိယသတ္တသုတ်၊ စူဠ၀ဂ်၊ ဥဒါန်းပါဠိတော်။