နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 16, 2008

ရောင့်ရဲတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၉၀

ရောင့်ရဲတတ်သော ပုဂ္ဂိုလ်-

အသျှင်ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း၊ မြတ်စွာဘုရားရှင်၏ တပည့်သာဝက ဖြစ်သော အကြင် ရဟန္တာ အသျှင်မြတ်တို့သည် လည်းကောင်း ရောင့်ရဲတတ်သော {တိတ္တ} ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ သဗ္ဗညုမြတ်စွာဘုရားသည်ကား (လောကုတ္တရာ တရားတို့ဖြင့်) ကိုယ်တိုင်လည်း ရောင့်ရဲတတ်သော ပုဂ္ဂိုလ်မည်၏၊ တပည့်သာဝက တို့ကိုလည်း ရောင့်ရဲစေတတ်သောပုဂ္ဂိုလ် မည်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။