နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 6, 2008

ဒုတိယ ပစ္စောရောဟဏီသုတ်-

သူတော်ကောင်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောကြားပေအံ့....
ဒုတိယ ပစ္စောရောဟဏီသုတ်- (သက်ဆင်းခြင်း)

ရဟန်းတို့ သင်တို့အား မြတ်သော နှင်ထုတ်ခြင်းကို ဟောကြားအံ့၊
ထိုတရားကို နာကုန်လော့။

ရဟန်းတို့ မြတ်သော နှင်ထုတ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်
{{မျက်မှောက်ဘ၀၌ လည်းကောင်း၊ တမလွန်ဘ၀၌ လည်းကောင်း
မှားယွင်းသောအမြင်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏}} ဟု ဆင်ခြင်၏။

ထိုသူသည် ဤသို့ ဆင်ခြင်ပြီး၍.....
မှားယွင်းသော အမြင်ကို ပယ်စွန့်၏၊
မှားယွင်းသော အမြင်ကို နှင်ထုတ်၏။
မှားယွင်းသော အကြံအစည်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော စကား၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော အလုပ်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော အသက်မွေးမှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော လုံ့လ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော သတိ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော သမာဓိ၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော ဉာဏ်၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
မှားယွင်းသော လွတ်မြောက်မှု၏ အကျိုးသည် ယုတ်ညံ့ဆိုးဝါး၏၊
ထိုသူသည် ဤသို့ဆင်ခြင်ပြီး၍-

မှားယွင်းသော လွတ်မြောက်မှုကို ပယ်စွန့်၏၊
မှားယွင်းသော လွတ်မြောက်မှုကို နှင်ထုတ်၏။
ရဟန်းတို့ ဤသည်ကို မြတ်သော နှင်ထုတ်ခြင်းဟု ဆိုအပ်၏ဟု မိန့်တော်မူ၏။

အဋ္ဌမသုတ်။
ဒုတိယ ပစ္စောရောဟဏီသုတ်၊ ပစ္စောရောဟဏီဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။