နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 16, 2008

ရောင့်ရဲနိုင်ခဲသော ပုဂ္ဂိုလ်နှစ်ယောက်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၄

လောက၌ ရောင့်ရဲနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ယောက်-

အကြင် ပုဂ္ဂိုလ်သည်ကား ရတိုင်း ရတိုင်းကို သိုမှီးသိမ်းဆည်းထား၏၊
အကြင် ပုဂ္ဂိုလ်သည်ကား ရတိုင်း ရတိုင်းကိုစွန့်လွှတ်၏၊
ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရောင့်ရဲနိုင်ခဲကုန်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။