နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 11, 2008

မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း


မဂ္ဂင်္ဂင်္ဝိဘင်္ဂ
(မဂ္ဂင်ရှစ်ပါးတို့ကို ဝေဖန်၍ပြသောဝိဘင်း)

အဘိဓမ္မဘာဇနီယနည်း
(အဘိဓမ္မာနည်းဖြင့် ဝေဖန်ဟောကြားသောနည်း)

မဂ္ဂင်ရှစ်ပါး
(နိဗ္ဗာန်ရောက်ကြောင်းတရားရှစ်ပါး)


ဖြူစင်မြင့်မြတ်သည့် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည် ရှိ၏။
ဤအင်္ဂါရှစ်ပါးတို့သည် အဘယ်တို့နည်း။

၁။ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}၊
၂။ ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ}၊
၃။ ကောင်းစွာ ပြောဆိုမှု {သမ္မာဝါစာ}၊
၎။ ကောင်းစွာ ပြုလုပ်မှု {သမ္မာကမ္မန္တ}၊
၅။ ကောင်းစွာ အသက်မွေးမှု {သမ္မာအာဇီဝ}၊
၆။ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}၊
၇။ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ}၊
၈။ ကောင်းစွာ တည်ကြည်မှု {သမ္မာ သမာဓိ} တို့တည်း။

ထိုတွင် အဘယ်သည် အင်္ဂါရှစ်ပါးရှိသော မဂ်မည်သနည်း။

ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ မိစ္ဆာအယူတို့ကို ပယ်ရန်၊ (သောတာပန်အဆင့်)သို့ ရောက်ရန် ၀ဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော နိဗ္ဗာန် သို့ ရောက်ကြောင်းဖြစ်သော လောကုတ္တရာဈာန်ကို ပွါးများ အားထုတ်၏၊ ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ဆင်းရဲသော အကျင့်ရှိသော, နုံ့နှေးသော အသိဉာဏ်ရှိသော ပဌမဈာန်ကို ပြည့်စုံစေ၍ နေ၏။ ထိုအခါ၌ အင်္ဂါရှစ်ပါးရှိသော မဂ်သည်ဖြစ်၏။

(၁) သမ္မာဒိဋ္ဌိ
ထိုတွင် အဘယ်သည် ကောင်းစွာ သိမြင်မှု သမ္မာဒိဋ္ဌိ မည်သနည်း။

အကြင် အပြားအားဖြင့် သိမှု {ပညာ}၊ အပြားအားဖြင့် သိသော အခြင်းအရာ {ပဇာနနာ} ။ပ။ မတွေဝေမှု {အမောဟ}၊ တရားကို စိစစ်မှု {ဓမ္မ၀ိစယ}၊ ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}၊ မဂ်၏ အင်္ဂါ ဖြစ်သော၊ မဂ်၌ အကျုံးဝင်သော သစ္စာလေးပါးကို သိကြောင်း သဘောတရားတို့ကို စိစစ်မှု {ဓမ္မ၀ိစယသမ္ဗောဇ္ဈင်} သည် ရှိ၏။
ဤသဘောကို ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ} ဟု ဆိုအပ်၏။

(၂) သမ္မာသင်္ကပ္ပ
ထိုတွင် အဘယ်သည် ကောင်းစွာ ကြံစည်မှု သမ္မာသင်္ကပ္ပ မည်သနည်း။

အကြင် ကြံစည်မှု {တက္က}၊ အထူးကြံစည်မှု {၀ိတက္က}၊ ကောင်းစွာကြံစည်မှု {သင်္ကပ္ပ}၊ အာရုံသို့ ရောက်စေမှု {အပ္ပနာ}၊ အထူးရောက်စေမှု {ဗျပ္ပနာ}၊ စိတ်ကို အာရုံသို့ တင်ပေးမှု {အဘိနိရောပနာ}၊ မဂ်၏အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင် သော ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} သည် ရှိ၏။
ဤသဘောကို ကောင်းစွာ ကြံစည်မှု {သမ္မာသင်္ကပ္ပ} ဟု ဆိုအပ်၏။

(၃) သမ္မာဝါစာ
ထိုတွင် အဘယ်သည် ကောင်းစွာပြောဆိုမှု {သမ္မာဝါစာ} မည်သနည်း။

ဝစီဒုစရိုက်လေးပါးတို့မှ အကြင်ဝေးစွာ ရှောင်ကြဉ်မှု {အာရတိ}၊ အထူးရှောင် ကြဉ်မှု {၀ိရတိ}၊ အထပ်ထပ် ရှောင်ကြဉ်မှု {ပဋိဝိရတိ}၊ ကင်းစွာ ရှောင်ကြဉ်မှု {ဝေရမဏိ}၊ မပြုခြင်း {အကိရိယာ}၊ မလုပ်ခြင်း {အကရဏ}၊ မလွန်ကျူးခြင်း {အနဇ္ဈာပတ္တိ}၊ ကမ်းကို မလွန်ခြင်း {ဝေလာအနတိက္ကမ}၊ အကြွင်းမဲ့ ပယ်သတ် ခြင်း {သေတုဃာတ}၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော ၀စီဒုစရိုက်မှ ရှောင်ကြဉ်မှု {သမ္မာဝါစာ}သည် ရှိ၏။
ဤသဘောကို ကောင်းစွာ ပြောဆိုမှု {သမ္မာဝါစာ} ဟု ဆိုအပ်၏။

(၄) သမ္မာကမ္မန္တ
ထိုတွင် အဘယ်သည် ကောင်းစွာပြုလုပ်မှု {သမ္မာကမ္မန္တ} မည်သနည်း။

ကာယဒုစရိုက်သုံးပါးတို့မှ အကြင် ဝေးစွာရှောင်ကြဉ်မှု {အာရတိ}၊ အထူးရှောင် ကြဉ်မှု {၀ိရတိ}၊ အထပ်ထပ် ရှောင်ကြဉ်မှု {ပဋိဝိရတိ}၊ ကင်းစွာ ရှောင်ကြဉ်မှု {ဝေရမဏိ}၊ မပြုခြင်း {အကိရိယာ}၊ မလုပ်ခြင်း {အကရဏ}၊ မလွန်ကျူးခြင်း {အနဇ္ဈာပတ္တိ}၊ ကမ်းကို မလွန်ခြင်း {ဝေလာအနတိက္ကမ}၊ အကြွင်းမဲ့ ပယ်သတ် ခြင်း {သေတုဃာတ}၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော ကာယ ဒုစရိုက်မှရှောင်ကြဉ်မှု {သမ္မာကမ္မန္တ}သည် ရှိ၏။
ဤသဘောကို ကောင်းစွာ ပြုလုပ်မှု {သမ္မာကမ္မန္တ} ဟု ဆိုအပ်၏။

(၅) သမ္မာအာဇီဝ
ထိုတွင် အဘယ်သည် ကောင်းစွာအသက်မွေးမှု {သမ္မာအာဇီဝ} မည်သနည်း။

အကြင် မှားသော အသက်မွေးမှုမှ ဝေးစွာ ရှောင်ကြဉ်မှု {အာရတိ}၊ အထူးရှောင် ကြဉ်မှု {၀ိရတိ}၊ အထပ်ထပ် ရှောင်ကြဉ်မှု {ပဋိဝိရတိ}၊ ကင်းစွာ ရှောင်ကြဉ်မှု {ဝေရမဏိ}၊ မပြုခြင်း {အကိရိယာ}၊ မလုပ်ခြင်း {အကရဏ}၊ မလွန်ကျူးခြင်း {အနဇ္ဈာပတ္တိ}၊ ကမ်းကို မလွန်ခြင်း {ဝေလာအနတိက္ကမ}၊ အကြွင်းမဲ့ ပယ်သတ် ခြင်း {သေတုဃာတ}၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော မှားသော အသက်မွေးမှုမှ ရှောင်ကြဉ်မှု {သမ္မာအာဇီဝ}သည် ရှိ၏။
ဤသဘောကို ကောင်းစွာ အသက်မွေးမှု {သမ္မာအာဇီဝ} ဟု ဆိုအပ်၏။

(၆) သမ္မာဝါယာမ
ထိုတွင် အဘယ်သည် ကောင်းစွာအားထုတ်မှု {သမ္မာဝါယာမ} မည်သနည်း။
အကြင် စိတ်၌ ဖြစ်သော အားထုတ်မှု {၀ီရိယာရမ္ဘ}။ပ။ ကောင်းစွာ အားထုတ်မှု {သမ္မာဝါယာမ}၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော သစ္စာလေးပါးကို သိကြောင်း အားထုတ်မှု {၀ီရိယသမ္ဗောဇ္ဈင်}သည် ရှိ၏။
ဤသဘောကို ကောင်း စွာ အားထုတ်မှု {သမ္မာဝါယာမ} ဟု ဆိုအပ်၏။

(၇) သမ္မာသတိ
ထိုတွင် အဘယ်သည် ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} မည်သနည်း။

အကြင် အောက်မေ့မှု {သတိ}၊ အထပ်ထပ် အောက်မေ့မှု {အနုဿတိ}။ပ။ ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင် သော သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှု {သတိသမ္ဗောဇ္ဈင်} သည် ရှိ၏။ ဤသဘောကို ကောင်းစွာ အောက်မေ့မှု {သမ္မာသတိ} ဟု ဆိုအပ်၏။

(၈) သမ္မာသမာဓိ
ထိုတွင် အဘယ်သည် ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} မည်သနည်း။
အကြင် စိတ်၏ တည်တံ့မှု {ဌိတိ} ။ပ။ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ}၊ မဂ်၏ အင်္ဂါဖြစ်သော၊ မဂ်၌ အကျုံးဝင်သော သစ္စာလေးပါးကို သိကြောင်း တည် ကြည်မှု {သမာဓိသမ္ဗောဇ္ဈင်} သည်ရှိ၏။
ဤသဘောကို ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} ဟု ဆိုအပ်၏။

ဤဆိုခဲ့ပြီးသော တရားတို့ကို အင်္ဂါရှစ်ပါးရှိသော မဂ်ဟု ဆိုအပ်၏။
ကြွင်းသော တရားတို့သည် အင်္ဂါရှစ်ပါးရှိသော မဂ်နှင့် ယှဉ်သော တရားတို့ မည်ကုန်၏။


မဂ္ဂင် ရှစ်ပါး ၊ မဂ္ဂင် ၈-ပါး