နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 18, 2008

အယူပျက်စီးသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၂

အယူပျက်စီးသော ပုဂ္ဂိုလ်-

ထိုစကား၌ အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ}ဟူသည် အဘယ်နည်း၊

အလှူ၏ အကျိုးသည် မရှိ၊
ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊
ပသခြင်း၏ အကျိုးသည် မရှိ၊
ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်း အကျိုးဆက်သည် မရှိ၊
ဤပစ္စုပ္ပန်လောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊
အမိ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် မရှိ၊
အဖ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် မရှိ၊
(ငရဲစသော) ဥပပါတ်သတ္တ၀ါသည် မရှိ၊
ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကို လည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ဖြောင့်မှန် သော အရိယမဂ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ သဘောရှိသော ...

အယူမှားခြင်း၊
အယူမှားသောအဖြစ်၊
အယူမှားတည်းဟူသော တောအုပ်၊
အယူမှားတည်းဟူသော ခရီးခဲ၊
အယူမှားတည်းဟူသော ငြောင့်တံကျင်၊
အယူမှားတည်းဟူသော တုန်လှုပ်ခြင်း၊
အယူမှား (ဒိဋ္ဌိ) တည်းဟူသော သံယောဇဉ်၊
အယူမှားကိုယူခြင်း၊
အယူမှားကို အဖန်ဖန် ယူခြင်း၊
မှားသောအားဖြင့် နှလုံးသွင်းခြင်း၊
မှားသောအားဖြင့် သုံးသပ်ခြင်း၊
မကောင်းသောခရီး၊
မှားသော ခရီး၊
ဖောက်ပြန်သောအဖြစ်၊
အယူမှားတည်းဟူသော ဆိပ်၌ တည်ခြင်း၊
ဖောက်ပြန်သဖြင့် ယူခြင်းသည် ရှိ၏၊
ဤသဘောစုကို အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ} ဟူ၍ ဆိုအပ်၏၊
အလုံးစုံသော မိစ္ဆာဒိဋ္ဌိသည်လည်း အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ} မည်၏၊
ဤပျက်စီးခြင်းနှင့် ပြည့်စုံသောသူကို အယူပျက်စီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။