နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 17, 2008

ပဋိသမ္ဘိဒါပတ္တသုတ်-

ပဋိသမ္ဘိဒါပတ္တသုတ်- (ခွဲခြမ်းဝေဖန်၍သိမြင်သောဉာဏ်)

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော် တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေ တတ်သူ ဖြစ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

၁။ အနက် (အကျိုး) တို့၌ ခွဲခြားဝေဖန်တတ်သောဉာဏ် {အတ္ထပဋိသမ္ဘိဒါ}
၂။ ပါဠိ (အကြောင်း) တို့၌ ခွဲခြားဝေဖန်တတ်သောဉာဏ် {ဓမ္မပဋိသမ္ဘိဒါ}
၃။ သဒ္ဒါတို့၌ ခွဲခြား ဝေဖန်တတ်သောဉာဏ် {နိရုတ္တိပဋိသမ္ဘိဒါ}
၎။ ရှေးဉာဏ်သုံးပါးတို့၌ ခွဲခြားဝေဖန်တတ်သောဉာဏ် {ပဋိဘာနပဋိသမ္ဘိဒါ}
၅။ သီတင်းသုံးဖော်တို့၏ အဘယ်ကို ပြုရကုန်အံ့နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ လိမ္မာ၏၊ မပျင်းရိတတ်၊ ထိုအမှုကြီးငယ်တို့၌ အကြောင်းဖြစ် သော စုံစမ်းခြင်း ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံး ဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေ တတ်သူ ဖြစ်၏ ဟု (မိန့်တော်မူ၏)။

၆ - ပဋိသမ္ဘိဒါပတ္တသုတ်၊ ထေရ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။