နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 17, 2008

(၈) ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး

(၈) ပိတ်ပင် တားဆီးတတ်သောတရား ငါးပါး

အဘယ်တို့သည် ဈာန် မဂ် ဖိုလ်တရားတို့ကို
ပိတ်ပင် တားဆီးတတ်သော {နီဝရဏ} တရားငါးပါးတို့ မည်သနည်း။

၁။ {ကာမစ္ဆန္ဒနီဝရဏ}
ကာမတို့၌ လိုချင်တောင်းတမူဟူသော ပိတ်ပင်တားဆီးမှု ၊
၂။ {ဗျာပါဒနီဝရဏ}
အမျက်ထွက်မှုဟူသော ပိတ်ပင်တားဆီးမှု ၊
၃။ {ထိနမိဒ္ဓနီဝရဏ}
(စိတ် စေတသိက်တို့၏) မခံ့မှု ငိုက်မည်းမှု ဟူသော ပိတ်ပင် တားဆီးမှု ၊
၎။ {ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ}
ပျံ့လွင့်မှု နောင်တ တဖန် ပူပန်မှု ဟူသော ပိတ်ပင်တားဆီးမှု ၊
၅။ {၀ိစိကိစ္ဆာနီဝရဏ}
တွေးတောယုံမှားမှုဟူသော ပိတ်ပင်တားဆီးမှု ။

ဤသည်တို့သည် (ဈာန် မဂ် ဖိုလ်တရားတို့ကို)
ပိတ်ပင်တားဆီးတတ်သော {နီဝရဏ} တရားငါးပါး တို့တည်း။

၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။