နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, September 17, 2008

(၉) အာနန္တရိကကံ ငါးပါး

(၉) အာနန္တရိကကံ ငါးပါး

အဘယ်တို့သည် ...
အခြားမဲ့ဘ၀၌ အကျိုးပေးသော အာနန္တရိကကံငါးပါးတို့ မည်သနည်း။

၁။ အမိကို အသေသတ်၏၊
၂။ အဖကို အသေသတ်၏၊
၃။ ရဟန္တာကို အသေသတ်၏၊
၎။ ပြစ်မှားသော စိတ်ဖြင့် မြတ်စွာဘုရားအား သွေးခြည်ဥရန် ဖြစ်စေ၏၊
၅။ သံဃာကို သင်းခွဲ၏။

ဤသည်တို့သည် အခြားမဲ့ဘ၀၌ အကျိုးပေးသော အာနန္တရိကကံတို့တည်း။
၅ - ပဉ္စကနိဒ္ဒေသ၊ ခုဒ္ဒက၀တ္ထု၊ ၀ိဘင်္ဂ။