နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 9, 2008

ပဌမ အဂတိဂမနသုတ်-

ပဌမ အဂတိဂမနသုတ်-

ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ချစ်ခြင်းကြောင့် အဂတိလိုက်စား၏၊
မုန်းခြင်းကြောင့် အဂတိလိုက်စား၏၊
မသိခြင်းကြောင့် အဂတိလိုက်စား၏၊
ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စား၏။

ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည်...
ချစ်ခြင်းကြောင့် လည်းကောင်း၊
မုန်းခြင်းကြောင့် လည်းကောင်း၊
ကြောက်ရွံ့ခြင်းကြောင့် လည်းကောင်း၊
မသိခြင်းကြောင့် လည်းကောင်း တရားကို ကျော်လွန်၍ ကျင့်၏၊
ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ၌ လကဲ့သို့ ဆုတ်ယုတ်လေသတည်း။

၇ - ပဌမ အဂတိဂမနသုတ်၊ စရ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။