နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 23, 2008

ရဟန္တာဖြစ်သော {ဥပဟစ္စ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူသည် ...

ဧကကပုဂ္ဂလပညတ်-

၃၇။ အသက်တမ်းထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော {ဥပဟစ္စ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော {သြရမ္ဘာဂိယ} သံယောဇဉ်ငါးပါး တရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်း သဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန် ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အသက်တမ်းထက်ဝက်ကို ကျော်လွန်သော အခါ၌ လည်းကောင်း၊ သေရာကာလအနီးသို့ ကပ်ရောက်သောအခါ၌ လည်းကောင်း အထက်ဗြဟ္မာဘုံ၌သာလျှင် ကျင်လည်စေခြင်းအဖို့ ရှိသော {ဥဒ္ဓမ္ဘာဂိယ} သံယော ဇဉ်ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အသက်တမ်း ထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော {ဥပဟစ္စ-ပရိနိဗ္ဗာယီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။