နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, November 4, 2008

သြရမ္ဘာဂိယသုတ်- (အောက်ပိုင်း သံယောဇဉ်)

သြရမ္ဘာဂိယသုတ်- (အောက်ပိုင်း သံယောဇဉ်)

ရဟန်းတို့ အောက်ပိုင်း သံယောဇဉ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးဝ ကိုယ်ကာယ၌ အယူမှားမှု
{သက္ကာယဒိဋ္ဌိ}၊
၂။ မဆုံးဖြတ်နိုင်မှု {၀ိစိကိစ္ဆာ}၊
၃။ နွား ခွေး အလေ့အကျင့်စသည်ကို ကိလေသာ စင်ကြယ်ကြောင်း အကျင့်ကောင်း ဟု မှားယွင်းစွာ စွဲယူသုံးသပ်မှု {သီလဗ္ဗတပရာမာသ}၊
၎။ ကာမကို လိုချင်မှု {ကာမစ္ဆန္ဒ}၊
၅။ သူတစ်ပါး အကျိုးမဲ့ကို ကြံစည်မှု {ဗျာပါဒ}တို့တည်း။

ရဟန်းတို့ ဤအောက်ပိုင်း သံယောဇဉ် ငါးမျိုးတို့ကို ပယ်ရန်။
သတိပဋ္ဌာန် လေးပါးတို့ကို ပွါးများအပ် ကုန်၏။

အဘယ်လေးးမျိုးတို့နည်းဟူမူ -

၁။ ကာယာ နုပဿနာ သတိပဋ္ဌာန်၊
၂။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊
၃။ စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
၎။ ဓမ္မာ နုပဿနာ သတိပဋ္ဌာန်၊

ပဉ္စမသုတ်။
၅ - သြရမ္ဘာဂိယသုတ်၊ သတိပဋ္ဌာန၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။