နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, May 30, 2008

၁ဝ၈-ပါး တဏှာများ-

၁ဝ၈-ပါး တဏှာများ-

ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ= တဏှာ ၃-ပါး

ဤ ၃-ပါးကို တည်၊
ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ= အာရုံ ၆-ပါး
ဤ အာရုံ ၆-ပါးနှင့် မြှောက် ၁၈-ပါးရ၏၊

၁၈-ပါးကိုတည်၊
အတိတ်ကာလ, ပစ္စုပ္ပန်ကာလ, အနာဂတ်ကာလ= ကာလ ၃-ပါး
ဤကာလ ၃-ပါးနှင့် မြှောက် ၅၄-ပါးရ၏။

၅၄-ပါးကိုတည်၊
အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်= သန္တာန် ၂-ပါး
ဤသန္တာန် ၂-ပါးနှင့်မြှောက် ၁ဝ၈-ပါး ရ၏။

ဓမ္မသင်္ဂဏီ၊ ပါဠိတော်၊ စာ-၂၁၆။

စကားအရာ အင်္ဂါ (၁၀)ပါး-

စကားအရာ အင်္ဂါ (၁၀)ပါး-

၁။ ကာလ၀ါဒီ= အချိန်အခါကိုကြည့် ပြောရသည်။

၂။ ဘူတ၀ါဒီ= ဟုတ်မှန်သောစကားကို ပြောရသည်။

၃။ အတ္ထ၀ါဒီ= အကျိုးရှိသောစကားကို ပြောရသည်။

၎။ ဓမ္မ၀ါဒီ= တရားနှင့်လျော်ညီသောစကားကို ပြောရသည်။

၅။ ပီယ၀ါဒီ= ချစ်ဖွယ်သောစကားကို ပြောရသည်။

၆။ မိဟိတပုဗ္ဗဘာဏီ= ပြုံးရွှင်ခြင်းကို ရှေးဦးပြုပြီး ပြောရသည်။

၇။ မိတဘာဏီ= မပိုမလွန် ချင့်ချိန်ပြီး ပြောရသည်။

၈။ အတုရိတ၀ါဒီ= အဆောတလျင်မဖြစ်အောင် ပြောရသည်။

၉။ ပေါရီ= မြို့ကြီးသား၊ မြို့ကြီးသူတို့ပြောသကဲ့သို့ ချိုသာစွာ ပြောရသည်။

၁၀။ ၀ိသဒ၀ါဒီ= ပီပီသသ ဌာန်ကရိုဏ်းကျကျ ပြောရသည်။

စကားပြောနည်း ၁ဝ-မျိုး-

စကားပြောနည်း ၁ဝ-မျိုး

(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက် သကဲ့သို့

''မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။''

(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံ စွာဆုပ်၍ တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့

''သူဆိုသောစကား မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။''

(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက်သွားလျှင် လိုအင်ကိစ္စပြီးသကဲ့သို့

''ခြေသိမ်း ခေါင်းပိုက်ပမာ ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။''

(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာ ကျက်နပ် သကဲ့သို့

''ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။''

(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဆီပွတ်လျှင် ဆီထွက်၍ မိမိအလိုကိစ္စပြီးသကဲ့သို့

''လိုရာကိစ္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။''

(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေ လွတ်ရာ၌ ပြေးလွှဲကာနေရသကဲ့သို့

''ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။''

(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့ တည် ခုတ်မည့် လယ်ယာ မြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ် တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီးတို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့

''စကားငယ်ကို ပြောဆိုပြီးမှ စကားကြီးကို ဖိစီး၍ ပြောဆိုခြင်း။''

(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့

''သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။''

(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှ အပေါက်ကို ပိတ်၍ဆွဲယူလိုက်လျှင် ရေမထွက်နိုင်သကဲ့သို့

''သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။''

(၁ဝ) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါ တိမ်းစောင်းလွန်းလျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့

''ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။''

ရှစ်ပါးသီလမှ ဥစ္စာသယန, မဟာသယနမျိုး-၂၀


ဥစ္စာသယန, မဟာသယနမျိုး အမျိုး-၂ဝ။

ဘုရားဟောတော်မူသည်ဖြစ်၍ ရှစ်ပါးသီလသမားများ လိုက်နာရှောင်ကြဉ်ရမည့်
မြင့်သောနေရာနှင့် မြတ်သောနေရာ အမျိုး-၂ဝ။

(၁) အာသန္ဒိ- လူတန်းစေ့သူတို့၏ တစ်တောင့်ထွာထက်လွန်သော အခြေရှိသည့် ညောင်စောင်းအင်းပျဉ် ခုတင် အထူးများ။

(၂) ပလ္လင်္က- အခြေ၌ ခြင်္သေ့ သားရဲရုပ်တပ်သော ပလ္လင်နေရာ။

(၃) ဂေါနက- လက်လေးသစ်ထက် ကျော်လွန်သော မွေးရှည်ကော်ဇောကြီး။

(၄) စိတ္တက-
အရုပ် ပန်းကွက်တို့ဖြင့် ဆန်းကြယ်စွာ ယက်လုပ်ထားသော သားမွေးအခင်း။

(၅) ပဋိက- သားမွေးဖြင့်ပြုလုပ်အပ်သော ခင်းနှီးဖြူ။

(၆) ပဋလိက- ပန်းပြောက်ခြယ်သော သားမွေးအခင်း။

(၇) တုလိက- လဲမျိုး ၃-ပါးဖြင့် သွတ်သွင်းထားသော မွေ့ယာခင်း။

(၈) ဝိကတိက-
ခြင်္သေ့ ကျား သစ် စသောအရုပ်တို့ဖြင့် ဆန်းကြယ်သော သိုးမွေးခင်းနှီး။

(၉) ဥဒ္ဒလောမိ- နှစ်ဘက် အမွေးရှိသော သားမွေးခင်းနှီး။

(၁ဝ) ဧကန္တလောမိ- တစ်ဘက်သာ အမွေးရှိသော သားမွေးခင်းနှီး။

(၁၁) ကဋ္ဋိဿ-
ရတနာ ရွှေငွေတို့ဖြင့် ချုပ်ကပ် လိမ်းကျံထားသော ပိုးချည်ရက်အခင်း။

(၁၂) ကောသေယျ-
ရတနာ ရွှေချည် ငွေချည်တို့အကြား၌ ပိုးချည်ဖြင့်ရက်လုပ်ထားသော ခင်းနှီး။

(၁၃) ကုတ္တက-
ကချေသည်မ ၁၆-ယောက်တို့ ကလောက်သော သားမွေးကော်ဇော်ကြီးမျိုး။

(၁၄) ဟတ္ထတ္ထရဏ- ကောင်းမြတ်သော ဆင်နှီးကုန်း။

(၁၅) အဿတ္ထရဏ- ကောင်းမြတ်သော မြင်းနှီးကုန်း။

(၁၆) ရထတ္ထရဏ- ရထား၌ခင်းသော နူးညံ့အိစက်သည့် ခင်းနှီး။

(၁၇) အဇိနပ္ပဝေဏိ-
ညောင်စောင်းပမာဏ ချုပ်လုပ်ထားသည့် သစ်နက်ရေအခင်းကြီး။

(၁၈) ကဒလိ မိဂပဝရ ပစ္စတ္ထရဏ-
ဝံပိုင့်ရေဖြင့် ပြုလုပ်ထားသည့် မြတ်သောခင်းနှီး။

(၁၉) သဥတ္တရ စ္ဆဒ- နီသော ဗိတာန်မျက်နှာကြက်အောက်ရှိ သားမွေးခင်းနှီး။

(၂ဝ) ဥဘတော လောဟိတကူပဓါန-
ခြေအုံး ခေါင်းအုံး နှစ်ဘက်တပ်ထားသည့် အခင်းတစ်မျိုး။

သုတ်သီလက္ခန် ပါဠိတော် မဇ္ဈိမသီလခန်း




မဇ္ဈိမသီလခန်း၊ ဗြဟ္မဇာလသုတ်၊ သီလက္ခန်ပါဠိတော်။

၁၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍၁ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မျိုးစေ့ အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလုပ်လျက် နေကြ၏၊ ဤသည် တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မျိုးစေ့ အပေါင်း အပင် အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၂။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော သိုမှီး သုံးဆောင် ခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အဖျော်ကို သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်းအိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၃။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည် ၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော (သူတော် ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း သဘင်ပွဲ၂ စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်းခွက်ခွင်း စသည်တီးပွဲ စည်တီးပွဲ ပန်းချီပြပွဲ သံလုံးကစားပွဲဝါးထောင်၍ကစားပွဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲ ဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲ စစ်သည် စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ် တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော် လည်း ပြောနိုင်ရာ၏။

၁၄။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင် ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်း ဖြစ်သော လောင်းကစားခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ် နည်း၊ ရှစ်ကွက်ကျားကစားခြင်း ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျား ကစားခြင်း ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်းစုတ်ခတ်ရေး ကစားခြင်း ဂေါ်လီကစားခြင်း ပီပီ မှုတ်ကစားခြင်း ထွန်ငယ်ဖြင့် ကစားခြင်း ကျွမ်းထိုးကစားခြင်း စကြာဖြင့် ကစားခြင်း ခြင်ခွက်ငယ်ဖြင့် ကစားခြင်း ရထားငယ်ဖြင့် ကစားခြင်း လေးငယ်ဖြင့် ကစားခြင်း အက္ခရာဝှက် ကစားခြင်း စိတ်အကြံဖော်တမ်း ကစားခြင်း ကျိုးယောင်ကန်းယောင်ပြု၍ ကစားခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤ သို့သော မေ့လျော့ကြောင်းဖြစ်သော လောင်းကစား ပြုခြင်းမှ ရှောင်ကြဉ်တော် မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင် ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာကို (သုံးစွဲခြင်း) ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ် နည်း၊ မြင့်လွန်းသောနေရာ၃ ပလ္လင်၎ မွေးရှည်ကော်ဇောကြီး ဆန်းကြယ်သော သားမွေးအခင်း ဖြူသော သားမွေးအခင်း ပန်းပြောက်ခြယ် သားမွေးအခင်း လဲသွတ်အခင်း ရုပ်ပုံခြယ်သားမွေးအခင်း နှစ်ဖက်မွေးရှိအခင်း တစ်ဖက်မွေးရှိ အခင်း ရွှေချည်ထိုးအခင်း ပိုးချည်အခင်း သားမွေးအခင်းကြီး ဆင်ကုန်းနှီး မြင်းကုန်းနှီး ရထားခင်းနှီး သစ်နက်ရေအခင်း ဝံပိုင့်ရေ အခင်းမြတ် (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသောနေရာတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ (နံ့သာဖြင့်) ပွတ်သပ်ခြင်း (ဆီဖြင့်) ဆုပ်နယ်ခြင်း (နံ့သာဖြင့်) ရေချိုးခြင်း (လက်ရုံးကြီး ထွားရန်) ထုရိုက်ခြင်း မှန်ကြည့်ခြင်း မျက်စဉ်းဆေးခြယ်ခြင်း ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း မျက်နှာကိုခြယ်ခြင်း မျက်နှာကို လိမ်းကျံ ခြင်း လက်ဝတ်တန်ဆာဆင်ခြင်း သျှောင်ထုံးခြင်း လက်ကိုင်တုတ်ဆောင်ခြင်း ကျည်တောက်လွယ်ခြင်း သန်လျက်ဆောင်ခြင်း (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း ဆန်းကြယ်သော ဖိနပ်ကိုစီးခြင်း သင်းကျစ်ဖွဲ့ခြင်း ပတ္တမြားဆံကျင် ထိုးခြင်း သားမြီး ယပ်ဆောင်ခြင်း အမြိတ်ရှည်ဝတ်ဖြူတို့ကို ဝတ်ခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ် တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော် လည်း ပြောနိုင်ရာ၏။

၁၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏ ဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော ဖီလာစကား၅ကို ပြောလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့် စပ်သော စကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့် စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သော စကား အိပ်ရာနှင့် စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သော စကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သော စကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောက်ျားနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သော စကား လမ်း၆နှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့် စပ်သောစကား အထွေထွေနှင့် စပ်သောစကား လောက(အကြောင်း)နှင့် စပ်သောစကား သမုဒ္ဒရာ (အကြောင်း)နှင့် စပ်သောစကား ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော ဖီလာစကားကို ပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၈။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ သင်သည် ဤဓမ္မ ဝိနယ၇ကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦး ဆိုသင့်သည်ကို နောက်မှဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါတင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော အငြင်းစကား (ကိုပြောခြင်း)မှ ရှောင်ကြဉ် တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော် လည်း ပြောနိုင်ရာ၏။

၁၉။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏ ပုဏ္ဏားတို့၏ သူကြွယ်တို့၏ လုလင်ပျိုတို့၏ ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မှ (ဤအရပ်သို့) လာလော့၊ ဤသည်ကို(ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထိုအရပ်မှ) ဆောင်ခဲ့လော့' ဟူသော အမှုတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်းပြောနိုင်ရာ၏။

၂ဝ။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူ သော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် လာဘ်အလို့ငှါ အံ့ဖွယ်ကို လည်း ဖြစ်စေကုန်၏၊ မြှောက်ပင့်၍လည်း ပြောကုန်၏၊ အရိပ်အခြည်လည်း ပြကုန်၏၊ အတင်းအကျပ်လည်း ပြုကုန်၏၊ လာဘ်ဖြင့် လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော လာဘ်အလို့ငှါ အံ့ဖွယ်ကိုဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

မဇ္ဈိမသီလခန်း ပြီး၏။

------
၁။ ဤ၌ ယုံကြည်ခြင်းဟူသည်= ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းပင်တည်း။
၂။ သဘင်ပွဲဟူသည် ဇာတ် ရုပ်သေး အငြိမ့် စသည်ပင်တည်း။
၃။ မြင့်လွန်းသောနေရာဟူသည် မြတ်စွာဘုရား လက်ရှစ်သစ် ပမာဏထက်လွန်သော အခြေရှိသော ညောင်စောင်း အင်းပျဉ်။
၎။ ပလ္လင်ဟူသည် ခြေထောက်တို့၌ သားရဲရုပ်တပ်ထားသော နေရာတည်း။
၅။ ဤ၌ ဖီလာစကားဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် စကားတို့တည်း။
၆။ လမ်းဟူသည် မြို့တွင်းရှိလမ်းကို ဆိုသည်။
၇။ ဓမ္မဝိနယဟူသည် ဓမ္မ = တရား၊ ဝိနယ = အဆုံးအမ။

အာပတ်မသင့်သောပုဂ္ဂိုလ် ၂-ယောက်-

ရဟန်းတော်များ အခြေအနေ အမျိုးမျိုးအရ အာပတ်(အပြစ်)ဖြစ်ကြပါသည်။

ဒွေ ပုဂ္ဂလာ အနာပတ္တိ ဟူသော ဝိနည်းတော်လာအတိုင်း
အာပတ်မသင့်သောပုဂ္ဂိုလ် ၂-ယောက်သာ ရှိပေသည်

(၁) မဟာမုနိရာဇာ- မြတ်စွာဘုရားသခင်...
(၂) ပစ္စေကဗုဒ္ဓါ- ပစ္စေကဗုဒ္ဓါအရှင်မြတ်...

ပရိဝါပါဠိတော် ၁၅၈။ ဋ္ဌ။ ၂၁၄။ 158

Wednesday, May 28, 2008

တရားနာခြင်း၌ အကျိုး ၅-မျိုး-

ဓမ္မဿဝနသုတ်

ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ မကြားဖူးသည်ကို ကြားနာရ၏။

၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။

၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။

၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။

၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။

ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။

ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ပဥှပုစ္ဆာသုတ်မှ-

ပဥှပုစ္ဆာသုတ်မှ-

ပြဿနာမေးသူ ဟူသမျှ ဤအကြောင်းငါးမျိုးထဲမှ
တစ်မျိုးမျိုးကြောင့် မေး၏။


အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ပညာနုံ့သည်၏ အဖြစ် အလွန် တွေဝေသည်၏ အဖြစ်ကြောင့် သူတစ်ပါးအား ပြဿနာမေး၏။

၂။ ယုတ်ညံ့သော အလိုရှိသဖြင့် အလိုဆိုး နှိပ်စက်အပ်သည် ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

၃။ နှိပ်စက်လိုသည် ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

၎။ သိလိုသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

၅။ အကယ်၍ ပြဿနာကို ငါမေးသည်ရှိသော် ကောင်းစွာဖြေဆိုနိုင်ပါမူ ကောင်း၏၊
ကောင်းစွာ မဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည်ဟု ဤသို့ စိတ်ရှိသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

မြတ်စွာဘုရားသည်ကား-
အကယ်၍ ပြဿနာကို ငါမေးသည် ရှိသော် ကောင်းစွာ ဖြေဆိုနိုင်ပါမူ ကောင်း၏၊
ကောင်းစွာ မဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည် ဟု
ဤသို့ စိတ်ရှိသည်ဖြစ်၍သာလျှင် သူတစ်ပါးအား ပြဿနာကို မေး၏ဟု မိန့်ဆို၏။

ပဥှပုစ္ဆာသုတ်၊ အာဃာတ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဟိရိသုတ်-




ဟိရိ မကောင်းမှုပြုရမည်ကို စက်ဆုပ်ခြင်း-


ဟိရိသုတ်

၂၅၆။ မကောင်းမှုမှ ရှက်မှု ဟိရိကို လွန်ကာ ယင်းမကောင်းမှု မှ ရှက်မှုကို စက်ဆုပ်လျက် ငါကားသင်၏ မိတ်ဆွေဖြစ်ပါ၏ဟု နှုတ်ဖြင့်ပြောဆိုသော် လည်း မိမိပြုလုပ်ရန်စွမ်းနိုင်သော အမှုကိစ္စတို့ကိုမူ မယူတတ်သော အဆွေ ခင်ပွန်းတုကို ဤသူကား ငါ၏ အဆွေခင်ပွန်း မဟုတ်ဟု သိရာ၏။

၂၅၇။ အကြင်သူသည် အဆွေခင်ပွန်းတို့၌ ပြုလုပ်မည်ဟု ပြောဆိုသော စကား၏ အနက်သို့ အစဉ် လိုက်သော ချစ်ဖွယ် သော စကားကို ပြောဆို၏၊ (ပြုလုပ်မည်ဟု) စကားကိုသာ ပြောဆိုဝန်ခံ၍ ပြောဆိုတိုင်း မပြုလုပ်သော ထိုသူကို ဤသူကား အဆွေခင်ပွန်းတုတည်းဟူ၍ ပညာရှိတို့ ပိုင်းခြား သိ ကုန်၏။

၂၅၈။ အကြင်သူသည် ကွဲပြားရမည်ကိုသာ တွေးတောယုံမှားလျက် အခါ ခပ်သိမ်း မမေ့မလျော့ဘဲ မိမိကို အပြစ်တင်သောအခါ ပြန်၍ အပြစ်တင်ရန် အကြောင်း အခွင့်ကိုသာလျှင် ရှုလျက်နေ၏၊ ထိုသူသည် အဆွေခင်ပွန်းစစ် မဟုတ်၊ အကြင်သူကား သားငယ်သည် အဖ၏ရင်ခွင်၌ ယုံမှားကင်းလျက် အိပ်စက်နိုင်သကဲ့သို့ အကြင် အဆွေခင်ပွန်း၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်၏၊ အကြင် အဆွေခင်ပွန်းကိုလည်း သူတစ်ပါးတို့က အကြောင်း ရာထောင်ပြော၍သော်လည်း မဖျက်ဆီးနိုင်၊ ထိုသူ၏ ထိုသို့ သဘောရှိသော အဆွေခင်ပွန်းသည် အဆွေခင်ပွန်းစစ် မည်၏။

၂၅၉။ ဝမ်းမြောက်ခြင်းကို ပြုတတ်သော ဝီရိယသည် ချမ်းသာခြင်း၏ အ ကြောင်းတည်း၊ ချီးမွမ်းခြင်းကို ဆောင်တတ်သော ဝီရိယသည် ချမ်းသာ၏၊ အကျိုးကို အလိုရှိသူသည် ယောက်ျားအား လျောက်ပတ်သောဝန်ကိုဆောင် လျက် သမ္မပ္ပဓာန် လုံ့လကို ပွါးများ၏။

၂၆ဝ။ တရားတည်းဟူသော နှစ်သက်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော (တရား) အရသာကို လည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကို လည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်း ကင်း၏ဟု (မိန့်တော်မူ၏)။

ဟိရိသုတ်၊ စူဠ၀ဂ်၊ သတ္တနိပါတ်ပါဠိတော်။

Tuesday, May 27, 2008

ငွေ, ရွှေသည် ရဟန်းသီလ ညစ်နွမ်းခြင်း-

ကျေးဇူးတော်ရှင် ရမည်းသင်းမြို့နယ် နဘူးကျင်း
ရန်ကင်းတောရဆရာတော်ဘုရားကြီး၏ သြဝါဒ

ငွေ, ရွှေသည် ရဟန်းသီလ ညစ်နွမ်းခြင်း

ပဋိဂ္ဂဟော ပရိဂ္ဂါဟော၊ ပရိဘောဂေါ ဟိရညာဒိံ။
မလဿ ပစ္စယော ဟောတိ၊ နေဝ သီလ ဝိသုဒ္ဓဿ။

ရဇတံ ဇာတရူပံဝါ၊ ပဋိဂ္ဂဟာဒိပစ္စယာ။
ကာမဂ္ဂုဏာ န ခီဏန္တိ၊ အထ ခေါ ပရိဝဍ္ဎုရေ။

ငွေစသည်ကို အလှူခံယူခြင်း၊
သိုမှီးသိမ်းဆည်းထားခြင်း၊
အသုံးပြုသုံးဆောင်ခြင်းသည်
ရဟန်းများမှာ သီလညစ်နွမ်းခြင်း၏ အကြောင်းဖြစ်ပေ၏။
သီလစင်ကြယ်ခြင်း အကြောင်းကားမဟုတ်ပေ။
ငွေနှင့်ရွှေကို အလှူခံယူခြင်း၊ သိမ်းဆည်းထားခြင်း
အသုံးပြုသုံးဆောင်ခြင်းဟူသော အကြောင်းကြောင့်
ကာမဂုဏ်လောဘကိလေသာ တဏှာတို့သည် မကုန်ခန်းမလျော့ပါးကြကုန်၊
စင်စစ်အမှန်မှာကား များပြားတိုးပွားလို့သာ လာတတ်ကြကုန်၏။

တဏှာအရင်းခံရှိသော တရားကိုးမျိုး-

သူတော်ကောင်းတို့

တဏှာအရင်းခံရှိသော တရားကိုးမျိုးကို ဟောပေအံ့၊

ထိုတရားကိုနာကုန်လော့---

၁။ တဏှာကိုစွဲ၍ ရှာမှီးခြင်းဖြစ်၏၊
၂။ ရှာမှီးခြင်းကိုစွဲ၍ ရခြင်းဖြစ်၏၊
၃။ ရခြင်းကိုစွဲ၍ ကြံစည်ဆုံးဖြတ်ခြင်းဖြစ်၏၊
၎။ ကြံစည်ဆုံးဖြတ်ခြင်းကိုစွဲ၍ ဆန္ဒရာဂဖြစ်၏၊
၅။ ဆန္ဒရာဂကိုစွဲ၍ ငါ ငါ့ဟာဟု အားကြီးသော ဆုံးဖြတ်ခြင်းဖြစ်၏၊
၆။ အားကြီးသော ဆုံးဖြတ်ခြင်းကိုစွဲ၍ သိမ်းဆည်းခြင်းဖြစ်၏၊
၇။ သိမ်းဆည်းခြင်းကိုစွဲ၍ ဝန်တိုခြင်းဖြစ်၏၊
၈။ ဝန်တိုခြင်းကိုစွဲ၍ စောင့်ရှောက်ခြင်းဖြစ်၏၊
၉။ စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့်

တုတ်ကိုင်ခြင်း လက်နက်ကိုင်ခြင်း ခိုက်ရန်ဖြစ်ခြင်း
ငြင်းခုံခြင်း စကားများခြင်း ကုန်းတိုက်ခြင်း အမှားပြောခြင်းဟူသော
များစွာကုန်သော အကုသိုလ်တရားတို့သည် ဖြစ်ကုန်၏။

ဤသည်တို့ကား တဏှာအရင်းခံရှိသော တရားကိုးမျိုးတို့တည်း။

တဏှာမူလကသုတ် အင်္ဂုတ္တိုရ်။

အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-

ဒါနကို ကိုယ်တိုင်လှူရုံမက သူတစ်ပါးကိုပါ
စေတနာပေါက်အောင် တိုက်တွန်းသင့်လှပေသည်။

မြတ်စွာဘုရားသည် အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌

၁။ မိမိသာလှူ၍ သူတစ်ပါးအား မတိုက်တွန်းသူ။
၂။ မိမိကမလှူ သူတစ်ပါးအား တိုက်တွန်းသူ။
၃။ မိမိလည်းမလှူ သူတစ်ပါးလည်း မတိုက်တွန်းသူ။
၎။ မိမိလည်းလှူ သူတစ်ပါးအားလည်း တိုက်တွန်းသူ ဟူ၍
ဟောတော်မူခဲ့သည်

ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတစ်ပါးအားလည်း
တိုက်တွန်းသူသည် ဖြစ်လေရာဘဝ၌ စည်းစိမ်ဥစ္စာချမ်းသာ၍ အခြံအရံ
အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်ဟု ဟောညွှန်ခဲ့ပေသည်။

သူတော်ကောင်းအပေါင်းတို့
မြန်မာနိုင်ငံ နာဂစ်လေဘေးကြောင့် ဆင်းရဲဒုက္ခရောက်နေကြသူ အပေါင်းအား
ကိုယ်တိုင်လဲလှူ၍ သူတပါးကိုလဲ လှူရန် တိုက်တွန်းကြပါစို့။

Sunday, May 25, 2008

အောင်နိုင်မှုတရား ၅-မျိုး-

သူတော်ကောင်းတို့ မကြံစည်သင့်သောတရား ၄-ပါး-

အစိန္တေယျသုတ်

သူတော်ကောင်းတို့ မကြံစည်သင့်သောတရား ၄-ပါး-

၁။ ဘုရားရှင်တို့၏ ဘုရားအရာကို မကြံအပ်။
၂။ ဈာန်ရပုဂ္ဂိုလ်၏ ဈာန်အရာကို မကြံအပ်။
၃။ ကံအရာကို မကြံအပ်။
၎။ လောကအရာကို မကြံအပ်။

မကြံသင့်သောတရားတို့ကို ကြံစည်သူသည် ရူးသွပ်ရန် ဆင်းရဲရန်သာဖြစ်၏။

အစိန္တေယျသုတ်၊ အင်္ဂုတ္တိုရ် ဒု၊ စာ-၄ဝ၆

မြတ်ဗုဒ္ဓ၏ နိယာမ ၅-မျိုး-

မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတွင်
ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တို့၏ ဖြစ်စဉ်ကို
နိယာမ ၅-မျိုးဖြင့် စနစ်တကျ ပြဆိုထားပါသည်။

ထိုနိယာမ ၅-မျိုးမှာ

(၁) ကမ္မနိယာမ = ပြုလုပ်မှုနှင့် သက်ရောက်မှုဖြစ်စဉ်၊
(၂) စိတ္တနိယာမ= စိတ်တို့၏ ဖြစ်စဉ်၊
(၃) ဥတုနိယာမ= ဗဟိဒ္ဓသက်မဲ့ ရုပ်ဝတ္ထုတို့၏ဖြစ်စဉ်၊
(၄) ဗီဇနိယာမ= မျိုးရိုးနှင့် မျိုးစေ့တို့၏ဖြစ်စဉ်၊
(၅) ဓမ္မနိယာမ= သဘာဝဖြစ်စဉ် ဟူ၍ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များယူသော ၃၁-ဘုံ-

ဗုဒ္ဓဘာသာဝင်များယူသော ၃၁-ဘုံ

၁။ နေဝသညာနာသညာယတနဘုံ
၂။ အာကိဉ္စညာယတနဘုံ
၃။ ဝိညာဏဉ္စာယတနဘုံ
၎။ အာကာသာနဉ္စာယတနဘုံ
၅။ အကနိဋ္ဌဘုံ
၆။ သုဒဿီဘုံ
၇။ သုဒဿာဘုံ
၈။ အတပ္ပါဘုံ
၉။ အဝိဟာဘုံ
၁ဝ။ အသညသတ်ဘုံ
၁၁။ ဝေဟပ္ဖိုလ်ဘုံ
၁၂။ သုဘကိဏှာဘုံ
၁၃။ အပ္ပမာဏသုဘာဘုံ
၁၄။ ပရိတ္တသုဘာဘုံ
၁၅။ အာဘဿရာဘုံ
၁၆။ အပ္ပဏာဘာဘုံ
၁၇။ ပရိတ္တာဘာဘုံ
၁၈။ မဟာဗြဟ္မာဘုံ
၁၉။ ဗြဟ္မပုရောဟိတာဘုံ
၂ဝ။ ဗြဟ္မပါရိသဇ္ဇာဘုံ (ဗြဟ္မာဘုံ-၂၀)

၂၁။ ပရနိမ္မိတဝသဝတ္တီဘုံ
၂၂။ နိမ္မာနရတိဘုံ
၂၃။ တုသိတာဘုံ
၂၄။ ယာမာဘုံ
၂၅။ တာဝတိံသာဘုံ
၂၆။ စာတုမဟာရာဇ်ဘုံ (နတ်ဘုံ-၆)

၂၇။ မနုဿ=လူ (လူဘုံ-၁)

၂၈။ နိရယ=ငရဲဘုံ
၂၉။ တိရစ္ဆာန်ဘုံ
၃ဝ။ ပေတ=ပြိတ္တာဘုံ
၃၁။ အသူရကာယ်ဘုံ (အပါယ်ဘုံ-၄)

Friday, May 23, 2008

ခေတ်ကောင်းတစ်ရာ ရွှေမြန်မာ-

ရွှေမြန်မာ

ခေတ်ကောင်းတစ်ရာ ရွှေမြန်မာ

၁။ သုံးပါးရတနာ၊ ယုံကြည်ခါ၊ ချမ်းသာပွားမည့်ခေတ်။
၂။ ကုသိုလ်ဓမ္မ၊ မမေ့ကြ၊ ကြီးပွားကြမည့်ခေတ်။
၃။ မကောင်းမှုမှန်၊ ရှက်ကြောက်ပြန်၊ ဧကန်မြတ်သည့်ခေတ်။
၎။ လောဘမကြီး၊ အလိုပြီး၊ ကောင်းချီးသာသည့်ခေတ်။
၅။ ဒေါသလွန်နည်း၊ မေတ္တာကဲ၊ လူမွဲကင်းသည့်ခေတ်။
၆။ ချစ်မုန်းမပြု၊ လျစ်လျူရှု၊ အပူနည်းသည့်ခေတ်။
၇။ ကိုယ်စိတ်ငြိမ်းချမ်း၊ လွန်ရွှင်လန်း၊ ဘေးကျမ်းခွာသည့်ခေတ်။
၈။ ကိုယ်စိတ်ပေါ့ပါး၊ ပြည့်ခွန်အား၊ ထွန်းကားလာမည့်ခေတ်။
၉။ ကိုယ်စိတ်နူးညံ့၊ ဂုဏ်ထူးပြန့်၊ လွန်သန့်စင်သည့်ခေတ်။
၁ဝ။ ကိုယ်စိတ်ခံ့ညား၊ ဆင့်မြင့်မား၊ ကောင်းစားနိုင်သည့်ခေတ်။
၁၁။ ကိုယ်စိတ်ကျွမ်းကျင်၊ ရှေ့တန်းဝင်၊ အောင်မြင်ကြမည့်ခေတ်။
၁၂။ ကိုယ်စိတ်ဖြောင့်စင်း၊ ဂုဏ်ရည်ဝင်း၊ ထင်လင်းသာသည့်ခေတ်။
၁၃။ ကောင်းစွာပြောဆို၊ နှုတ်ခွန်းချို၊ အကျိုးလိုသည့်ခေတ်။
၁၄။ ကောင်းစွာလုပ်ကိုင်၊ စီးပွားပြိုင်၊ နိုင်ငံမြင့်သည့်ခေတ်။
၁၅။ ကောင်းစွာသက်မွေး၊ လွန်စိတ်အေး၊ သူဌေးများသည့်ခေတ်။
၁၆။ ကြင်နာသနား၊ စောင့်ရှောက်ထား၊ တရားထွန်းသည့်ခေတ်။
၁၇။ အများချမ်းသာ၊ လွန်ဝမ်းသာ၊ သာယာကြသည့်ခေတ်။
၁၈။ ပညာကြီးမား၊ မြန်မာအား၊ လေးစားကြသည့်ခေတ်။
၁၉။ ဘုရား-တရား-သံဃာအား၊ ထူးခြားပူဇော်ကြသည့်ခေတ်။
၂ဝ။ သဒ္ဓါပညာ၊ စုံလင်စွာ၊ လှူတာများသည့်ခေတ်။
၂၁။ ကိုယ့်မှာချမ်းသာ၊ မြတ်သစ္စာ၊ မေတ္တာပွားသည့်ခေတ်။
၂၂။ တရားပေစာ၊ ဟောကြားရာ၊ လိုက်နာကြသည့်ခေတ်။
၂၃။ ရဟန်းသာမဏေ၊ လွန်ရိုသေ၊ အနေတတ်သည့်ခေတ်။
၂၄။ သက်ကြီးပုဂ္ဂိုလ်၊ ပြည်သူကို၊ လွန်ရိုသေသည့်ခေတ်။
၂၅။ မြတ်လှဆရာ၊ တွေ့ဆုံကာ၊ မှန်စွာဆည်းကပ်ကြသည့်ခေတ်။
၂၆။ သားနှင့်အဖ၊ ချစ်ခင်ကြ၊ စိတ်နေမျှသည့်ခေတ်။
၂၇။ တပည့်ဆရာ၊ ညီညွတ်စွာ၊ ဝမ်းသာရသည့်ခေတ်။
၂၈။ ပညာရှိများ၊ လွန်ထင်ရှား၊ တရားအောင်သည့်ခေတ်။
၂၉။ ဇနီးမောင်နှံ၊ ချစ်ခင်ရန်၊ အမှန်ကျင့်သည့်ခေတ်။
၃ဝ။ ရွှေငွေဓန၊ ပေါကြွယ်ဝ၊ အရတော်သည့်ခေတ်။
၃၁။ တိုက်ကြီးဂေဟာ၊ ဗိမာန်သာ၊ များစွာပေါသည့်ခေတ်။
၃၂။ မိတ္တ ဆွေဉာ၊ ပြည့်စုံစွာ၊ ဥစ္စာဓနပေါသည့်ခေတ်။
၃၃။ လင်နဲ့မယား၊ မေတ္တာပွား၊ စိတ်ထားကောင်းသည့်ခေတ်။
၃၄။ လမ်းသွားလမ်းလာ၊ လူတကာ၊ ချမ်းသာကြသည့်ခေတ်။
၃၅။ လမ်းကောင်းလမ်းမှန်၊ မဂ်လေးတန်၊ အမြတ်ရမည့်ခေတ်။
၃၆။ သူတော်ကောင်းများ၊ လွန်တိုးပွား၊ ကြိုးစားကြသည့်ခေတ်။
၃၇။ လမ်းကောင်းလမ်းမြတ်၊ မဂ်လေးရပ်၊ အမှန်ရမည့်ခေတ်။
၃၈။ နိုင်ငံပြည့်အောင်၊ အလင်းဆောင်၊ အမှောင်ပျောက်သည့်ခေတ်။
၃၉။ ဆွေမျိုးတိုင်းရင်း၊ အချင်းချင်း၊ ပြည်တွင်းသာသည့်ခေတ်။
၎ဝ။ နေ့ရောညပါ၊ လွန်ချမ်းသာ၊ မေတ္တာပွားသည့်ခေတ်။
၄၁။ ဂုဏ်အင်များခြင်း၊ ဆွေမျိုးရင်း၊ ကောင်းခြင်းဖြာသည့်ခေတ်။
၄၂။ ပစ္စည်းလည်းကောင်း၊ လူလည်းကောင်း၊ အကောင်းစုံသည့်ခေတ်။
၄၃။ ဆွမ်း၊ ဆီမီး၊ ပန်း၊ ဝေဆာလန်း၊ တိုင်းခန်းသာသည့်ခေတ်။
၄၄။ ဓုတင်ကမ္မဌာန်း၊ မြတ်ရဟန်း၊ နည်းလမ်းညွှန်သည့်ခေတ်။
၄၅။ တိုင်းခန်းပြည်သာ၊ အဘိဓမ္မာ၊ လေ့လာများသည့်ခေတ်။
၄၆။ တစ်နေ့တခြား၊ ကုသိုလ်ပွား၊ တရားစောင့်သည့်ခေတ်။
၄၇။ တရားသဘော၊ ပြည့်စုံဟော၊ ကျင့်သောကာလခေတ်။
၄၈။ ကိုယ်ကျင့်တရား၊ လွန်ပြည့်ငြား၊ ကောင်းစားကြသည့်ခေတ်။
၄၉။ ဆွေမျိုးချမ်းသာ၊ ကူညီကာ၊ ဝမ်းသာကြသည့်ခေတ်။
၅ဝ။ လူငယ် လူကြီး၊ ပြောဆိုနှီး၊ ဘုန်းကြီးကြမည့်ခေတ်။
၅၁။ ကျေးဇူးရှိ-မရှိ၊ ထောက်မကြည့်၊ စိတ်ကောင်းပြည့်သည့်ခေတ်။
၅၂။ သစ်သီးအရံ၊ ပန်းအရံ စီမံစိုက်သည့်ခေတ်။
၅၃။ တည်းခိုနားနေ၊ အရိပ်ဝေ၊ စိုက်လေသပြေခေတ်။
၅၄။ ချောင်းမြောင်းနွံများ၊ လမ်းအများ၊ တံတားခင်းသည့်ခေတ်။
၅၅။ စိတ်ထားကြည်လင်၊ ရေချမ်းစင်၊ တီထွင်ကြသည့်ခေတ်။
၅၆။ ရေတွင်းရေကန်၊ ပြုစီမံ၊ ထက်သန်ကြသည့် ခေတ်။
၅၇။ ဂူကျောင်းဇရပ်၊ ဆောက်လုပ်အပ်၊ အမြတ်ထွန်းသည့်ခေတ်။
၅၈။ ဘုရားစေတီ၊ မြို့တိုင်းတည်၊ တိုင်းပြည်သာသည့်ခေတ်။
၅၉။ တရားတော်စက်၊ အာဏာစက်၊ မပျက်အောင်သည့်ခေတ်။
၆ဝ။ ကျောက်ထီးပမာ၊ ခိုင်ခံ့စွာ၊ သာသနာပြုသည့်ခေတ်။
၆၁။ ကျောက်ထီးပမာ၊ လေးနက်စွာ၊ သာသနာပြုသည့်ခေတ်။
၆၂။ ကျောက်ထီးပမာ၊ မြင့်မြတ်စွာ၊ သာသနာပြုသည့်ခေတ်။
၆၃။ ကျောက်ထီးပမာ၊ အေးငြိမ်းစွာ၊ သာသနာပြုသည့်ခေတ်။
၆၄။ ဗဟိုကျောက်ထီး၊ တရားမှီး၊ ရိပ်ကြီးခိုသည့်ခေတ်။
၆၅။ လူမိုက်ရှောင်ရှား၊ ချမ်းသာများ၊ ကြီးပွားကြသည့်ခေတ်။
၆၆။ ပညာရှိပေါင်း၊ ဂုဏ်ရည်လောင်း၊ ကောင်းစားကြသည့်ခေတ်။
၆၇။ ပူဇော်ထိုက်မှန်၊ ပူဇော်ပြန်၊ အယူမှန်သည့်ခေတ်။
၆၈။ အားလုံးမြို့ရွာ၊ ဖွံ့ဖြိုးလာ၊ ဘုန်းကံသာသည့်ခေတ်။
၆၉။ ရှေးကပြုဖူး၊ ကုသိုလ်ထူး၊ မဂ်ဉာဏ်ကူးမည့်ခေတ်။
၇ဝ။ ကိုယ်နှင့်စိတ်များ၊ စောင့်ထိန်းထား၊ တိုးပွားကြမည့်ခေတ်။
၇၁။ ကြားမြင်သုတ၊ ပြည့်ကြွယ်ဝ၊ ကမ္ဘာ့စံပြခေတ်။
၇၂။ စက်မှုလက်မှု၊ အတတ်စု၊ တိုင်းပြုပြည်ပြုခေတ်။
၇၃။ ဥပဒေအား၊ လွန်လေးစား၊ အမှားနည်းသည့်ခေတ်။
၇၄။ စကားပြောဆို၊ သာယာချို၊ ဂုဏ်ပိုကြသည့်ခေတ်။
၇၅။ မာတာပိတ၊ မိနှင့်ဖ၊ စောင့်ရှောက်ကြသည့်ခေတ်။
၇၆။ သားနှင့်မယား၊ လုပ်ကျွေးငြား၊ စိတ်ထားကောင်းသည့်ခေတ်။
၇၇။ အလုပ်မှန်က၊ မရှုပ်ရ၊ မြန်မာ့စံပြခေတ်။
၇၈။ တောရောမြို့ပါ၊ လှူကြတာ၊ ခြိမ့်ခြိမ့်သာသည့်ခေတ်။
၇၉။ တရားစခန်း၊ ကျင့်ဖြောင့်တန်း၊ နိဗ္ဗာန်မြန်းမည့်ခေတ်။
၈ဝ။ တိုင်းရင်းပြည်သား၊ ဆွေမျိုးများ၊ လွန်မြှောက်စားသည့်ခေတ်။
၈၁။ အပြစ်ကင်းစင်၊ အလုပ်ဝင်၊ ပျော်ရွှင်ကြသည့်ခေတ်။
၈၂။ မကောင်းမှုများ၊ ကိုယ်နှုတ်အား၊ ရှောင်ရှားကြသည့်ခေတ်။
၈၃။ မကောင်းမှုမှန်၊ စိတ်မကြံ၊ နိုင်ငံသာသည့် ခေတ်။
၈၄။ မူးယစ်သောက်စား၊ ရှောင်ကြဉ်ငြား၊ ကြီးပွားကြမည့်ခေတ်။
၈၅။ ကုသိုလ်မှန်က၊ ညီညွတ်ကြ၊ ဘယကင်းသည့်ခေတ်။
၈၆။ ရိုသေထိုက်က၊ ရိုသေရ၊ သုခတိုးသည့်ခေတ်။
၈၇။ စိတ်မမြောက်မှန်၊ နှိမ့်ချပြန်၊ ငါမာန်ကင်းသည့်ခေတ်။
၈၈။ တရားလက်စွဲ၊ လွန်ရောင့်ရဲ၊ အောင်မြဲအောင်သည့်ခေတ်။
၈၉။ ကျေးဇူးရှိက၊ ကျေးဆပ်ကြ၊ ဘဝကောင်းသည့်ခေတ်။
၉ဝ။ သြဝါဒခံ၊ ဉာဏ်ရင့်သန်၊ နိုင်ငံချွန်သည့်ခေတ်။
၉၁။ ခန္တီတရား၊ လက်ကိုင်ထား၊ ဘုရားကြိုက်သည့်ခေတ်။
၉၂။ ဆုံးမနာခံ၊ စိတ်ထားမှန်၊ အမြန်တက်မည့်ခေတ်။
၉၃။ ထေရ်ရှင်သူမြတ်၊ လွန်ဆည်းကပ်၊ ထူးမြတ်လှသည့်ခေတ်။
၉၄။ ညှိနှိုင်းစည်းဝေး၊ နှီးနှောပေး၊ မနှေးအောင်မည့်ခေတ်။
၉၅။ ချွေတာခြိုးခြံ၊ စုဆောင်းပြန်၊ ကြံစည်အောင်မည့်ခေတ်။
၉၆။ ဗြဟ္မစိုရ်တရား၊ လက်ကိုင်ထား၊ နတ်များကူသည့်ခေတ်။
၉၇။ လေးမဂ်လေးဖိုလ်၊ ကျွတ်တမ်းခို၊ အလိုကင်းမည့်ခေတ်။
၉၈။ အမြိုက်နိဗ္ဗာန်၊ ဝင်ရောင်ပြန်၊ အမှန်အေးမည့်ခေတ်။
၉၉။ လောကဓံကြုံ၊ စိတ်မဖြုံ၊ ဂုဏ်ရောင်လွှမ်းမည့်ခေတ်။
၁ဝဝ။ မစိုးရိမ်ရ၊ ဘေးကင်းကြ၊ ရာဂကင်းမည့်ခေတ်။

ဤခေတ်တစ်ရာ၊ သံပေါက်စာ၊ မြန်မာ့မြန်မာ၊ ရတနာ၊ ဝေဖြာတိုးစေသောဝ်။
ဤခေတ်တစ်ရာ၊ သံပေါက်စာ၊ မြန်မာ့မြန်မာ၊ မင်္ဂလာ၊ တေဇာဖြိုးစေသောဝ်။
ဤခေတ်တစ်ရာ၊ သံပေါက်စာ၊ မြန်မာ့မြန်မာ၊ စေတနာ၊ ကမ္ဘာစိုးစေသောဝ်။

ကျောက်ထီးတန္တုသာသနာပြု နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်၏
ခေတ်ကောင်းတစ်ရာ ရွှေမြန်မာ တရားတော်ကို ထုတ်ဖော်ပူဇော်လိုက်ပါသည်။

Thursday, May 22, 2008

ပန်းလှူဒါန်းရကျိုးဖလ-

အသျှင်ကဏဝေရပုပ္ဖိယမထေရ်
လောက၏ အကြီးအမှူး ဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထအမည် ရှိတော်မူသော မြတ်စွာဘုရားသည် တပည့်အပေါင်း ခြံရံလျက် မြို့သို့ ကြွတော်မူ၏။

ငါသည် မင်း၏ နန်းတော်တွင်း ၌ ''အဘိသမ္မတ''မည်သော နန်းတွင်းစောင့် ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ပြာသာဒ်သို့ ဝင်လတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထိုအခါ ငါသည် ကုလား ဇလပ်ပန်းကို ယူပြီးလျှင် ရဟန်းသံဃာ၌ ကြဲဖြန့် ပူဇော်ခဲ့၏၊

မြတ်စွာဘုရားအား အသီးအခြား ပြု၍ ထိုရှေးကြဲဖြန့်သော ပန်းထက် လွန်စွာ ကြဲဖြန့် ပူဇော်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ကုလားဇလပ်ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။

ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အား ရှိကုန်သော တန်ခိုးကြီးမားကုန်သော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ကဏဝေရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

အသျှင်ကဏဝေရပုပ္ဖိယမထေရ်၊ ထေရအပဒါန်။

Wednesday, May 21, 2008

အောင်ခြင်းတရား-

စရိယသုတ်-

စရိယသုတ်

ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးကို လောက၌ ကျင့်သုံးသင့်ကုန်၏

၁။ မကောင်းမှုမှ ရှက်ခြင်း “ဟိရိ''၊
၂။ မကောင်းမှုမှ ထိတ်လန့်ခြင်း “သြတ္တပ္ပ'' တို့ပေတည်း။

ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို မစောင့်ရှောက်ကုန်ငြားအံ့၊ ယင်းသို့ မစောင့်ရှောက်သော် ဤလောက၌

“အမိ'' ဟူ၍လည်းကောင်း၊
“မိကြီး မိထွေး'' ဟူ၍လည်းကောင်း၊
“ဦးရီး၏မယား'' ဟူ၍လည်းကောင်း၊
“ဆရာ၏မယား'' ဟူ၍လည်းကောင်း၊
“ရိုသေလေးစားအပ်သူတို့၏ မယား'' ဟူ၍လည်းကောင်း၊
မထင်ရှား မသိသာကုန်ရာ။

ယင်းသို့ မထင်ရှား မသိသာကုန်သော်
လောကသည် ဆိတ်များ သိုးများကဲ့သို့ လည်းကောင်း၊
ကြက်၊ ဝက်တို့ကဲ့သို့ လည်းကောင်း၊
အိမ်ခွေး တောခွေးတို့ကဲ့သို့ လည်းကောင်း၊
ရောယှက်ခြင်းသို့ ရောက်ရာ၏။

သူတော်ကောင်းတို့ ဖြူစင်သော ဤ''ဟိရိ'' ''သြတ္တပ္ပ'' တရားနှစ်မျိုးတို့သည်
လောကကို စောင့်ရှောက်နိုင်ကြသဖြင့် ကျင့်နိုင်ကြပါစေ။

စရိယသုတ်၊ ကမ္မကရကဏ၀ဂ်၊ အဂုင်္တ္တိုရ်။

သတ်မှုကံမြောက်ကြောင်း အင်္ဂါ ၅-ပါး-

ပါဏာတိပါတ

သူတပါးအသက် သတ်မှုကံမြောက်ကြောင်း အင်္ဂါ ၅-ပါးနှင့်
ရရှိလာမည့် အကျိုးတရား ၂၃-ပါး

(၁) သက်ရှိသတ္တဝါ ဖြစ်ခြင်း၊
(၂) သက်ရှိသတ္တဝါဟု မှတ်သိခြင်း၊
(၃) သတ်လိုသောစိတ် ရှိခြင်း၊
(၄) လုံ့လပြုခြင်း၊
(၅) ထိုလုံ့လကြောင့် သေခြင်း။
ဤ ၅-ပါး ပြည့်စုံလျှင် သတ်မှုကံ မြောက်ပါသည်။

သူတပါးအသက် သတ်ခြင်းကြောင့် ရရှိမည် အကျိုးတရား ၂၃-ပါးမှာ-

(၁) ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊
(၂) လုံးရပ်နေထား အချိုးအစား မကျခြင်း၊
(၃) နုံနှေးလေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖဝါး,မညီခြင်း၊
(၅) မလှပ မတင့်တယ်ခြင်း၊
(၆) အရေ အဆင်း မပြောင်ဝင်းခြင်း၊
(၇) အသားအရေ ကြမ်းတန်းခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁ဝ) စကားပြေပြစ်စွာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပျက်စီးခြင်း၊
(၁၃) ထိတ်လန့်တတ်ခြင်း၊
(၁၄) လက်နက်, အဆိပ်ဘေး သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂကြောင့် သေရခြင်း၊
(၁၆) တွေဝေမိုက်မဲခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) ရွံ့စရာကောင်းသော ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကော့သော ကိုယ်ရှိခြင်း၊
(၂ဝ) ကြောင့်ကြ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) အသက်တိုခြင်းတို့ ဖြစ်တတ်သည့်အတွက် ရှောင်ရှားနိုင်ကြပါစေ။

ရာဂကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ-

ရာဂ။ ။ရဟန်းတို့ တပ်မက်ခြင်း “ရာဂ” ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ

ဤတရား နှစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။

ရာဂကို ပိုင်းခြား၍ သိခြင်းငှါ။
ရာဂကို ကုန်စေခြင်းငှါ။
ရာဂကို ပယ်ခြင်းငှါ။
ရာဂ၏ ကုန်ခန်းခြင်းငှါ။
ရာဂ၏ ပျက်ခြင်းငှါ။
ရာဂ၏ ကင်းပြတ်ခြင်းငှါ။
ရာဂ၏ ချုပ်ခြင်းငှါ။
ရာဂကို စွန့်လွှတ်ခြင်းငှါ တရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

ပြစ်မှားခြင်းကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ။
တွေဝေခြင်းကို- ။ ။
အမျက်ထွက်ခြင်းကို- ။ ။
ရန်ငြိုးဖွဲ့ခြင်းကို- ။ ။
သူ့ကျေးဇူးကို ချေဖျက်ခြင်းကို- ။ ။
အပြိုင်ပြုခြင်းကို- ။ ။
ငြူစူခြင်းကို- ။ ။
ဝန်တိုခြင်းကို- ။ ။
လှည့်ပတ်ခြင်းကို- ။ ။
စဉ်းလဲခြင်းကို- ။ ။
ခက်ထန်ခြင်းကို- ။ ။
ခြုပ်ခြယ်ခြင်းကို- ။ ။
ထောင်လွှားခြင်းကို- ။ ။
အလွန် ထောင်လွှားခြင်းကို- ။ ။
မာန်ယစ်ခြင်းကို- ။ ။
မေ့လျော့ခြင်းကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ၊

တရား နှစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။

၁။ သမထ ကမ္မဋ္ဌာန်းနှင့်

၂။ ၀ိပဿနာ ကမ္မဋ္ဌာန်းတို့ပေတည်း ဟု

မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏။

ရာဂ ပေယျာလ၊ အဂုင်္တ်္ထိုရ်။

Monday, May 19, 2008

ဝေဘူဆရာတော် ဓမ္မလမ်းစဉ်-

ဝေဘူဆရာတော်
ညွှန်ပြတော်မူလေ့ရှိသော သနိ္ဒဋ္ဌိက ဓမ္မလမ်းစဉ်

၁။ ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကသုံးပုံ အကုန်လုံးဟာ ဆင်းရဲမှလွတ်မှုတစ်ခု ဖြစ်၍ နည်းတွေများသော်လဲ အားလုံးအတူတူပဲ။ အကုန်လုံး လိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုခုကို ၀ီရိယမှန်မှန်နှင့် သန်သန်လုပ်ဖို့ အရေးကြီးတယ်။

၂။ စရဏနှင့် ၀ိဇ္ဇာ တစ်ပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်ထဲမှာ အလုပ်နှစ်ခု ပြီးတာ ဒါပဲရှိတယ်။ ( အလုပ်လုပ်ရင်း ရအောင်ရှုတယ် )

၃။ ဘုရားစကား၊ ဆရာစကား တထစ်ချနာယူ၊ အရာရာရိုသေ၊ ကိုယ်ကိုနိုမ့်ချ၊ ခန်္တီနှင့် မေတ္တာ များများထားပြီး လုပ်ရတယ်၊

၎။ ၀ိပဿနာတရားဆိုတာ ထင်ရှားရှိတဲ့ တရားကို မြင်အောင် ရှုမှတခြင်းပင် ဖြစ်တယ်၊ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။

၅။ ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွား၍ ရှာရတာမျိုးမဟုတ်။ ရှောင်မရ တိမ်းမရ မမြင်ချင်၍ မနေရအောင် ကိုယ်မှာအမြဲ ထင်ရှားရှိနေတဲ့ ရုပ်တရားတွေပဖြစ်တယ်။

၆။ ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ် တရားတွေထဲမှာ လူတိုင်း နားလည် လွယ်ကူတာဟာ အာနာပါဏ= ထွက်လေ ၀င်လေ ရှုမှတ်မှု ဖြစ်တယ်။

၇။ ထွက်လေ ၀င်လေဆိုတာ အမိဝမ်းမှမွေးကထဲက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘောဖြစ်တယ်၊ အလုပ်လုပ်နေရင်း စကားပြောနေရင်း စာကျက်နေရင်းလဲ ရှိနေတာပဲ။

၈။ ထွက်လေ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လဲ အမှတ်တမဲ့ နေကြ၍ သတိမမူ ဂူမမြင် ဖြစ်နေကြတယ်၊ သတိမူရင် မြူကိုတောင် မြင်ရတယ် ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။

၉။ ကြည့် ဆိုရာမှာ ၀ိပဿနာ ဖြစ်ဖို့ရာအတွက် ထွက်လေ၀င်လေ ထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ် ရိပ်ရိပ်နှင့် တထိထဲထိနေတာကို တသိထဲသိနေအောင် တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင်ထူထူမိုးမှ နေပူဒဏ် မိုးရွာဒဏ် ခံနိုင်တယ်။
(၂၄-နာရီ တစပ်ထဲ ရပါစေ။)

၁၀။ တစ်ရက် ၂၄-နာရီ တစပ်လောက်ရလျှင် အလွန် သိသာပါတယ်၊ ဘုရားဆုံးမတာ မှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က (လဲလျောင်း မအိပ်သော) နိသဇ်ဓုတင်ဆောင်တဲ့ပုဂ်္ဂိုလ်များ ပိုပြီးတော့တောင်မှ အသက်ရှည်ကြ ကျန်းမာကြတယ်။ အိပ်ချင်လို့အိပ်ရင် တသံသရာလုံး နိုးတော့မှာမဟုတ်ဘူး၊ အိပ်ချင်ရင် မအိပ်ချင်တဲ့ နေရာရှိတယ် အဲဒီကိုရောက်အောင်သွား။

၁၁။ ထိတာကိုသိနေလျှင် သိက္ခာသုံးပါး မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပကိ္ခယတရား ၃၇-ပါး ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါဝင်ပြီးဖြစ်တယ်။

၁၂။ ထိတာဟာ ရုပ်သဘောဖြစ်တယ်၊ သိတာဟာ နာမ်သဘောဖြစ်တယ်။

၁၃။ တရိပ်ရိပ်နှင့် နှာဖျား နှာဝမှာ ထိလိုက် ပျောက်လိုက် နေတာတွေကိုသာ တဆက်ထဲ သိမြင်အောင် ကြည့်ရှုနေရင် ကြာလျှင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး၊ အားကြီးလာတဲ့အခါ နှာဖျား နှာဝတွင်သာမက ခန္ဓာကိုယ်မှာလဲ အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကိုတွေ့ရမယ်။

၁၅။ တစ်ကိုယ်လုံး တရိပ်ရိပ် တရွရွ အမြဲမပြတ် ဖြစ်ပျက်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကိုကောင်းစွာ မြင်သောကြောင့်) ဒုက္ခနှင့် အနတ္တဟာ အလိုလိုထင်မြင် လာလိမ့်မယ်၊ ပါးစပ်ကဆိုနေဖို့မလိုဘူး၊ ၀ိပဿနာအလုပ်ဟာ ထိမှုကိုကြည့်ရှု သိနေရုံသာဖြစ်တယ်၊ ကြည့်ရှုနေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီးတိုးပြီး သိလာလိမ့်မယ်။

၁၆။ အဲဒီလို တရိပ်ရိပ်နှင့် ထိမှု သိမှုတို့ကိုကြည့်ရှုနေရင်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်၊ ဘယ်လိုသိသာသလဲဆိုတော့ ရေငတ်၍ နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့တယ်၊ သူများမေးစရာမလို ကိုယ်တိုင်သိမယ် (သိနိ္ဒဋ္ဌိကော)။

၁၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်၊ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နှင့် တူတယ်။

၁၈။ ယုံယုံကြည်ကြည် လုံ့လ၀ီရိယရှိရှိနှင့် ထိမှုသိမှုတို့ကိုသာ တစ်ဆက်ထဲ ဖြစ်အောင်ကြည့်ရှုနေ၊ ထွေလီကာလီတွေကို လိုက်မလုပ်နှင့်၊ ယခုလုပ်၊ ယခုမီးငြိမ်း၊ ယခုချက်ချင်းပဲ ချမ်းသာတယ်။ (အကာလိကော)။

Sunday, May 18, 2008

ဝိသာခါ၏ ဆုတောင်း-


ဆုတောင်း

သူတော်ကောင်းတို့ တောင်းသောဆု ပြည့်ခဲ့ရဖူးပြီ-


ဝိသာခါဝတ္ထု

ဝိသာခါတောင်းသော ဆု (၈) ပါး

အသျှင်ဘုရား အကျွန်ုပ်သည်-
(၁) သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။
(၂) ဧည့်သည်အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
(၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၄) သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၆) သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
(၇) အမြဲယာဂုလှူလိုပါ၏။
(၈) ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏ ဟု လျှောက်၏။

ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။

ဝိသာခါ ငါ၏တပည့်သည် ဆွမ်း အဖျော်အလှူကို လှူ၏၊
လွန်စွာ ၀မ်းမြောက်၏၊
အကျင့်သီလနှင့် ပြည့်စုံ၏။
ဝန်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊
စိုးရိမ်ခြင်းကို ပယ်တတ်သော၊
ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။

ထိုတပည့်မသည် ကိလေသာမြူကင်းသော၊
အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော
အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။
ကောင်းမှုကို အလိုရှိသော၊
ချမ်းသာခြင်းနှင့် ပြည့်စုံသော၊
နာဖျားခြင်းမရှိသော ထိုတပည့်မသည်
နတ်ပြည်၌ ကြာမြင့်စွာ မွေ့လျော်ရ၏ဟု အနုမောဒနာပြုတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို
ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။

ဆက်ဖတ်မည် ဆိုပါလျှင် အောက်တွင်-

မဟာဝဂ်ပါဠိတော်၊ စီဝရက္ခန္ဓက ၂၁၉ - ၀ိသာခါဝတ္ထု။

ဝိသာခါ သင်သည် အဘယ်သို့သော အကျိုးထူးကို ကောင်းစွာ မြင်၍
ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။



(၁) အသျှင်ဘုရား အကျွန်ုပ်သည် ယခုအခါ ကျွန်မကို ““ဟယ် ကျွန်မ သွားချေ၊ အရံကျောင်းတော်သို့သွား၍ အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကိုလျှောက်လေလော့”” ဟု စေလွှတ်လိုက်ပါသည်။ အသျှင်ဘုရား ထိုအခါ ကျွန်မသည် အရံကျောင်းတော်သို့ သွားသည်ရှိသော် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံနေကုန်သော ရဟန်းတို့ကို မြင်၍““အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေကုန်၏”” ဟု (မှတ်ထင်ကာ) အကျွန်ုပ်ထံသို့ လာပြီးလျှင် အကျွန်ုပ်ကို ““အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိပါကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေပါကုန်၏”” ဟု ပြောကြားပါသည်။


(၂) အသျှင်ဘုရား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ်ဖွယ် ရွံ့ရှာဖွယ်ဖြစ်ပါသည်။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကိုကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။


(၃) အသျှင်ဘုရား ထို့ပြင်လည်း ဧည့်သည်အာဂန္တုဖြစ်သော ရဟန်းသည် ခရီးကို မကျွမ်းကျင်သည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို မသိသဖြင့် ပင်ပန်းစွာ ဆွမ်းခံရပါ၏၊ ထိုဧည့်သည် အာဂန္တုရဟန်းသည် အကျွန်ုပ်၏ အာဂန္တုတို့အား လှူသော ဆွမ်းကို စားပြီးမှ ခရီးကို သိသည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို သိသဖြင့် မပင်ပန်းဘဲ ဆွမ်းခံရပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ဧည့်သည် အာဂန္တုရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။


(၄) အသျှင်ဘုရား ထို့ပြင်လည်း ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် အဖော်ကုန်သည်မှလည်း ကျန်ရစ်ပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါမဲ့၌ ရောက်ပါလိမ့်မည်၊ ပင်ပန်းစွာခရီးရှည် သွားရပါလိမ့်မည်။ ထိုရဟန်းသည် အကျွန်ုပ်၏ ခရီးသွားရဟန်းတို့အား လှူသော ဆွမ်းကိုစားပြီးမှ သွားရသော် အဖော်ကုန်သည်မှ မကျန်ဘဲရှိပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါ၌ ရောက်ပါလိမ့်မည်၊ မပင်ပန်းဘဲ ခရီးရှည် သွားနိုင်ပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ခရီးသွားရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။


(၅) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဘောဇဉ်တို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွားပါလိမ့်မည်၊ သေခြင်းသော်လည်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်၏သူနာ ရဟန်းတို့အား လှူသောဆွမ်းကို စားရသော ထိုရဟန်းအား အနာသည် မတိုးပွါးလတ္တံ့ သေခြင်းသည်လည်း မဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။


(၆) အသျှင်ဘုရား ထို့ပြင်လည်း သူနာပြုရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် နာဖျားသောရဟန်း၏ ဆွမ်းကို နေမြင့်မှ ဆောင်ရလတ္တံ့၊ ဆွမ်းငတ်ပြတ်လတ္တံ့၊ ထိုသူနာပြုရဟန်းသည် အကျွန်ုပ်၏ သူနာပြုရဟန်းတို့အား လှူသော ဆွမ်းကို စားရသော် နာဖျားသော ရဟန်း၏ ဆွမ်းကို စောစောဆောင်နိုင်ပါလတ္တံ့၊ ဆွမ်းငတ်ပြတ်ခြင်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာမြင်သည် ဖြစ်၍ အသက်ထက်ဆုံး သူနာပြုရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။


(၇) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဆေးတို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွါးပါလတ္တံ့၊ သေခြင်းသော်လည်း ဖြစ်ပါလတ္တံ့၊ အကျွန်ုပ်၏ သူနာတို့အားလှူသော ဆေးကို စားရသော ထိုရဟန်းအား အနာသည်လည်း မတိုးပွါးပါလတ္တံ့၊ သေခြင်းသည်လည်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆေးလှူရန် အလိုရှိပါသည်။


(၈) အသျှင်ဘုရား ထို့ပြင်လည်း မြတ်စွာဘုရားသည် အန္ဓက၀ိန္ဒရွာ၌ ဆယ်ပါးသော အကျိုးတို့ကို
မြင်တော်မူသဖြင့် ယာဂုကို ခွင့်ပြုတော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုဆယ်ပါးသော အကျိုးတို့ကို ကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး အမြဲယာဂုလှူရန် အလိုရှိပါ၏။


အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းမိန်းမတို့သည် အစီရ၀တီမြစ်၌ ပြည့်တန်ဆာမတို့နှင့် အတူ အ၀တ်မဆီး အချည်းအနှီးဖြင့် တစ်ခုတည်းသော ရေဆိပ်၌ ရေချိုးကုန်၏၊ အသျှင်ဘုရား ထိုပြည့်တန်ဆာမတို့သည် ရဟန်းမိန်းမတို့ကို ““အသျှင်မတို့ ငယ်ကုန်သော သင်တို့သည် အဘယ့်ကြောင့် အကျင့်ကို ကျင့်ကုန်သနည်း၊ ကာမဂုဏ်တို့ကို ခံစားသင့်သေးသည် မဟုတ်ကုန်လော၊ အိုမင်းသောအခါ၌ ကျင့်ကုန်လော့၊ ဤသို့ ကျင့်သည်ရှိသော် သင်တို့အား နှစ်ပါးသော အကျိုးတို့ကို ယူအပ်သည် ဖြစ်ကုန်လတ္တံ့”” ဟု ပြက်ရယ်ဆိုပါ၏။


အသျှင်ဘုရား ထိုရဟန်းမိန်းမတို့သည် ပြည့်တန်ဆာမတို့က ပြက်ရယ်ပြုအပ်ကုန်သည် ဖြစ်၍ မျက်နှာမသာယာ ဖြစ်ရပါကုန်သည်၊ အသျှင်ဘုရား မိန်းမအား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ် ရွံရှာဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည် ဖြစ်၍ ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်လှူရန် အလိုရှိပါသည် ဟု လျှောက်၏။


ဝိသာခါ သင်သည် အဘယ်အာနိသင်ကို ကောင်းစွာ မြင်သည်ဖြစ်၍ ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။


အသျှင်ဘုရား ဤသာသနာတော်၌ ၀ါမှကျွတ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ်္ထိပြည်သို့ လာကုန်လတ္တံ့၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရား ဤမည်သော ရဟန်းကား သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်၌ ဖြစ်ခြင်းကား အဘယ်ပါနည်း (အကျွတ်တရားရခြင်းကား အဘယ်နည်း)”” ဟု မေးကုန်လတ္တံ့။ မြတ်စွာဘုရားသည် ထိုကွယ်လွန်ခဲ့သော ရဟန်းကိုသောတာပတ်္တိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ သကဒါဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အနာဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အရဟတ္တဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း ဟောကြားတော်မူလတ္တံ့။


အကျွန်ုပ်သည် ထိုရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရားတို့ ထိုအသျှင်သည် သာဝတ်္ထိပြည်သို့ လာဖူးပါသလော”” ဟု မေးအံ့။


ထိုရဟန်းသည် ““သာဝတ်္ထိပြည်သို့ လာဖူး၏”” ဟု အကျွန်ုပ်အား အကယ်၍ ပြောဆိုကုန်ငြားအံ့၊ ဤသို့ဆိုသောအခါ၌ ဧကန်မုချ ထိုအသျှင်သည် ငါ၏ မိုးရေခံသင်္ကန်းကိုသော်လည်း သုံးဆောင်ဖူး၏၊ ဧည့်သည်တို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာပြု ရဟန်းတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ နာဖျားသော ရဟန်းတို့အား လှူသော ဆေးကိုသော် လည်းကောင်း၊ အမြဲလှူသော ယာဂုကိုသော် လည်းကောင်း သုံးဆောင်ဖူး၏”” ဟု ဆုံးဖြတ်ခြင်းသို့ရောက်ပါအံ့။


ထိုသုံးဆောင်ဖူးသော ရဟန်းကို အောက်မေ့သော အကျွန်ုပ်အား ၀မ်းမြောက်ခြင်း ဖြစ်လတ္တံ့၊ ၀မ်းမြောက်သော အကျွန်ုပ်အား နှစ်သက်ခြင်း ဖြစ်လတ္တံ့၊ နှစ်သက်သော စိတ်ရှိသော အကျွန်ုပ်၏ ကိုယ်သည် ငြိမ်းအေးလတ္တံ့၊ ငြိမ်းအေးသော ကိုယ်ရှိသော အကျွန်ုပ်သည် ချမ်းသာကို ခံစားရလတ္တံ့၊ ချမ်းသာသော အကျွန်ုပ်၏ စိတ်သည် တည်ကြည်လတ္တံ့၊ ထိုတည်ကြည်ခြင်းသည် အကျွန်ုပ်အား ဣနြေ္ဒကို ပွါးစေခြင်း ဗိုလ်ကို ပွါးစေခြင်း ဗောဇ္ဈင်ကို ပွါးစေခြင်း ဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးအာနိသင် ကို ကောင်းစွာ မြင်သည် ဖြစ်၍ မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကို တောင်းပါသည် ဟု လျှောက်၏။


ဝိသာခါ ကောင်းပေစွ၊ ကောင်းပေစွ။ ၀ိသာခါ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာမြင်သည် ဖြစ်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသည်မှာ ကောင်းပေစွ၊ ၀ိသာခါ သင့်အား ရှစ်ပါးသော ဆုတို့ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။


ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။


ဝိသာခါ ငါ၏ အကြင်တပည့်မသည် ဆွမ်း အဖျော်အလှူကို လှူ၏၊ လွန်စွာ ၀မ်းမြောက်၏၊ အကျင့်သီလနှင့် ပြည့်စုံ၏။ ၀န်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊ စိုးရိမ်ခြင်းကို ပယ်တတ်သော၊ ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။ ထိုတပည့်မသည် ကိလေသာမြူကင်းသော၊ အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။ ကောင်းမှုကို အလိုရှိသော၊ ချမ်းသာခြင်းနှင့် ပြည့်စုံသော၊ နာဖျားခြင်းမရှိသော ထိုတပည့်မသည် နတ်ပြည်၌ ကြာမြင့်စွာ မွေ့လျော်ရ၏ဟု အနုမောဒနာပြုတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။


ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ရဟန်းတို့ မိုးရေခံသင်္ကန်းကို လည်းကောင်း ဧည့်သည်တို့အား လှူသော ဆွမ်းကို လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာပြုရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာအား လှူသော ဆေးကို လည်းကောင်း၊ အမြဲလှူသော ယာဂုကို လည်းကောင်း၊ ဘိက္ခုနီ သံဃာအား ရေသနုပ်ကို လည်းကောင်း ခွင့်ပြု၏ဟု မိန့်တော်မူ၏။


ဝိသာခါအခန်း ပြီး၏။


မဟာဝဂ်ပါဠိတော်၊ စီဝရက္ခန္ဓက ၂၁၉ - ၀ိသာခါဝတ္ထု။

Saturday, May 17, 2008

လောကနီတိ အမှတ်-၂-၎

နီတိကျမ်း၏ ဂုဏ်အထူးကား-

နီတိကျမ်းသည် ယောက်ျား၏ အနှစ်မည်၏၊
အမိ အဖလည်း မည်၏၊
ဆရာသမားလည်း မည်၏၊
မိတ်ဆွေလည်း မည်၏၊
ထို့ကြောင့် ယောက်ျားကောင်းဖြစ်လိုသူသည်
နီတိကျမ်းကို တတ်သိ နားလည်ရာ၏၊
နီတိကျမ်းတတ်သောသူသည် ပညာရှိ ဖြစ်နိုင်၏၊
ကြီးကျယ်မွန်မြတ်၏၊ အကြားအမြင်များနိုင်၏။

အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊
စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏၊
ခြကောင်များစု၍ ကြီးထွားလာသော တောင်ပို့နှင့်
အိုးထဲ၌ ကျဖန်များ၍ ပြည့်လာသော ရေပေါက်ကဲ့သို့ မှတ်အပ်၏။

Friday, May 16, 2008

ရဟန်းကျင့်ဝတ် ၆-ပါး-

ဤတရားနှင့် ပြည့်စုံသောသူသည်-

အ၀ဏ္ဏာရဟသုတ်

ရဟန်းတို့ တရားလေးမျိုးနှင့်ပြည့်စုံသောသူသည် ငရဲသို့ရောက်ရ၏။

ဉာဏ်ဖြင့် မစိစစ်ပဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆိုသည်။
ဉာဏ်ဖြင့် မစိစစ်ပဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုသည်။
ဉာဏ်ဖြင့် မစိစစ်ပဲ မကြည်ညိုသင့်သောအရာ၌ ကြည်ညိုသည်။
ဉာဏ်ဖြင့် မစိစစ်ပဲ ကြည်ညိုသင့်သောအရာ၌ မကြည်ညို။

ရဟန်းတို့ တရားလေးမျိုးနှင့်ပြည့်စုံသောသူသည် နတ်ပြည်သို့ရောက်ရ၏။

ဉာဏ်ဖြင့် စိစစ်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆိုသည်။
ဉာဏ်ဖြင့် စိစစ်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆိုသည်။
ဉာဏ်ဖြင့် စိစစ်၍ မကြည်ညိုသင့်သောအရာ၌ မကြည်ညို။
ဉာဏ်ဖြင့် စိစစ်၍ ကြည်ညိုသင့်သောအရာ၌ ကြည်ညိုသည်။

အ၀ဏ္ဏာရဟသုတ်၊ အင်္ဂုတ္တိုရ် ပ၊ စာ-၄၁၀

ပရိမိတ္တဇာလသုတ်-

ပရိမိတ္တဇာလသုတ် ရွတ်ဖတ်လိုသူများအတွက်-


နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။

ပရိမိတ္တဇာလသုတ် ရွတ်ဖတ်လိုသူများအတွက်-

၁။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ ရာဇဂဟေ ၀ိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။
တေန ခေါ ပန သမယေန ကုမ္ဘဏ္ဍေန ယက္ခေန၊ ဒေဝေန ယက္ခေန၊ ဣန္ဒေန ယက္ခေန၊ ဗြဟ္မေန ယက္ခေန၊ သုပဏ္ဏေန ယက္ခေန၊ နာဂေန ယက္ခေန၊ ဂန္ဓဗ္ဗေန ယက္ခေန၊ ပုဗ္ဗဒိသေန ယက္ခေန၊ အဂ္ဂိဒိသေန ယက္ခေန၊ ဒိက္ခိဏဒိသေန ယက္ခေန၊ နရတိမဒိသေန ယက္ခေန၊ ပစ္ဆိမဒိသေန ယက္ခေန၊ ပါရပ္ပဒိသေန ယက္ခေန၊ ဥတ္တရဒိသေန ယက္ခေန၊ ဧသန္နဒိသေန ယက္ခေန၊ သမုဒ္ဒဒိသေန ယက္ခေန၊ အာကာသဒိသေန ယက္ခေန၊ ဘူမဒိသေန ယက္ခေန။

၂။ အပ္ပမေယျော ဗုဒ္ဓေါ၊ အပ္ပမေယျော ဓမ္မော၊ အပ္ပမေယျော သံဃော၊ ဘယဿန္တံ မဟာမောဂ္ဂလ္လာနံ။

၃။ ယတ္ထ ယတ္ထ အပါဒကာ၊ ယတ္ထ ယတ္ထ ဒွေပါဒါ၊ ယတ္ထ ယတ္ထ စတုပ္ပါဒါ၊ ယတ္ထ ယတ္ထ ဗဟုပ္ပါဒါ၊ ပါဒအန္ဓံ ဦရုအန္ဓံ စက္ခုအန္ဓံ မုခအန္ဓံ ဇိဝှါအန္ဓံ။

၎။ နမော ဗုဒ္ဓဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊ သကလ လောကဓာတု မာတာ ပိတု ဗုဒ္ဓ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု ဓမ္မ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု သံဃ ရက္ခနံ ကတံ။ ရတ္တိံ ၀ါ ဒိဝံ ၀ါ သဒါ မံ ရက္ခန္တု။

၅။ သဗ္ဗဒေ၀တာယ ဣမဿ ပရိမိတ္တဇာလဿ တေဇေန ဣမသ္မိံ အပ္ပါကဋံ သရီရေ ယေ ကေစိ ဥပဒ္ဒ၀ါ၊ အာနုဘာဝေန တေဇေန ဣမသ္မိံ လောကေ ဣမသ္မိံ ဇမ္ဗုဒီပေ ဣမသ္မိံ ပဗ္ဗတေ ဣမသ္မိံ နဂရေ ဣမသ္မိံ ဂေဟေ သဗ္ဗသတြူ ၀ိနဿန္တု၊ သဗ္ဗေ ဥပဒ္ဒ၀ါ ၀ိနဿန္တူတိ။

ပရိမိတ္တဇာလသုတ္တံ နိဋ္ဌိတံ။

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး-

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး-

လယ်တီဆရာတော်ဘုရားကြီး၏ သတ္တဌာနဘုရားရှိခိုး

၁။ ပလ္လင်္ကသတ္တာဟ။
ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကို ရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်၊ ဘုန်းကြွယ်လက်ဦး ပွဲပေကို။

၂။ အနိမိသသတ္တာဟ။
နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရှု၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်၊ ကြည်လင်ညွတ်နူး ဖွယ်ပေကို။

၃။ စင်္ကမသတ္တာဟ။
သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၌၊ လူးလာတုံ့ ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်၊ တရားဆင်ခြင် လျက်ပေကို။

၎။ ရတနာဃရသတ္တာဟ။
လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်၊ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။

၅။ အဇပါလသတ္တာဟ။
ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည်၊ ရိုသေမြတ်နိုး ဖွယ်ပေကို။

၆။ မုစလိန္ဒသတ္တာဟ။
ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာမိုးသည်၊ ရှေးကျိုးသမ္ဘာတော်ကြောင့်ကိုး။

၇။ ရာဇာယတနသတ္တာဟ။
ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်၊ ကြီးမားဉာဏ်တော် ဖွင့်လို့ကို။

ထိုခုနှစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ၀န္ဒနာမာန၊ ဂါရ၀ဖြင့်၊
ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။

သာဓု သာဓု သာဓု။
ဘုရားရှိခိုး

ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ-

လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ-
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
လယ်တီဆရာတော်၏ ခုနစ်နေ့ ဘုရားရှိခိုးနှင့် ဆုတောင်း အမျှဝေ

ကြာသပတေးနေ့။ ။သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာ ရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။

သောကြာနေ့။ ။သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူ အောင်မြို့ လမ်းပါကို။

တနင်္လာနေ့။ ။ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်း ပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

ဗုဒ္ဓဟူးနေ့။ ။တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို။

စနေနေ့။ ။ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့တွင်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

အင်္ဂါနေ့။ ။တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးကာ၊ ၀ါလေး ဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

တနင်္ဂနွေနေ့။ ။နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ဆုတောင်း။ ။ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။

အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို တရားစည်ကြီး၊ ဖိမ့်ဖိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်၊ နိဗ္ဗာန်အောင်မြို့ရောက်စေသော်။

သာဓု- သာဓု- သာဓု။
ဘုရားရှိခိုး

Thursday, May 15, 2008

လေဘေးဒုက္ခသည်များအား ကူညီကြပါကုန်စို့-

မြန်မာနိုင်ငံ လေဘေးဒုက္ခသည်များအား ကူညီကြပါကုန်စို့-


Tuesday, May 13, 2008

ဥပေက္ခာ အမျိုးအစား ၁၀-ပါး-

ဥပေက္ခာမျိုး ၁၀-ပါး-



ဥပေက္ခာ အမျိုးအစား ၁၀-ပါး-

(၁) ကောင်းအာရုံ ဆိုးအာရုံခြောက်ပါးတို့ ထင်လာသောအခါ သာယာခြင်းတဏှာ၊ နှလုံးမသာယာခြင်း ဒေါသတို့ မရှိရအောင် သတိသမ္ပဇဉ် အမြဲယှဉ်၍ရှုခြင်းမျိုး ခြောက်ပါးကိုဆိုသည်။ (ဆဠင်္ဂုပေက္ခာ)

(၂) သဗ္ဗေ သတ္တာ ကမ္မဿကာ သတ္တ၀ါတို့ ချမ်းသာဆင်းရဲဟူသည် သူတို့၏ ကံအတိုင်းဘဲဟု လျစ်လျူရှုကာနေခြင်းကို ဆိုလိုပါသည်။(ဗြဟ္မ၀ိဟာရုပေက္ခာ)

(၃) မဂ်၏ အင်္ဂါအစိတ်အပိုင်းသို့ ရောက်လာသော ဗောဇ္ဈင်တရားတို့သည် အလွန် အလျော့မရှိ ပိုလွန်ခြင်း ယုတ်လျော့ခြင်းမရှိဘဲ အညီအမျှသာ ဖြစ်ပေါ်လာခြင်းမျိုးကို ဆိုလိုပါသည်။ (ဗောဇ္ဈင်္ဂုပေက္ခာ)

(၄) ၀ီရိယုပေက္ခာ- မဂ်ဖိုလ်ရရေး အားထုတ်ပေးရာ၌ အပိုအလိုမရှိရအောင် ညီမျှစွာဖြစ်သော ၀ီရိယကို ဆိုလိုပါသည်။

(၅) ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိရန် အားထုတ်သောအခါ ပဉ္စမဈာန်သမာဓိ၊ သို့မဟုတ် ၀ိပဿနာဉာဏ်ရင့်သန်လာသောအခါ နီဝရဏစသော သင်္ခါရတရားတို့ကို အထူးဂရုစိုက်ကာ ပယ်ရှားမှုမပြုရတော့ဘဲ လျစ်လျူရှုခြင်းသဘောကို ဆိုလိုပါသည်။ (သင်္ခါရုပေက္ခာ)

(၆) ကောင်းအာရုံ မကောင်းအာရုံတို့နှင့် တွေ့ကြုံသောအခါ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းတို့အကြား အလတ်စားဖြစ်သော အနေအားဖြင့် ခံစားခြင်းကို ဆိုလိုပါသည်။ (ဝေဒနုပေက္ခာ)

(၇) ရုပ်နာမ်ခန္ဓာစသော တရားစုတို့ကို အနိစ္စ ဒုက္ခ အနတ္တမြင်လာအောင် ထူးသောဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ရာ၌ အဟောင်းပျက် အသစ်အစားထိုး လာပုံတို့ကို ငြိမ်သက်စွာ လျစ်လျူရှုကာ သုံးသပ်ဆင်ခြင်ခြင်းကို ဆိုလိုပါသည်။
(၀ိပဿနုပေက္ခာ)

(၈) သဟဇာတ အတူတကွဖြစ်နေကြသည့်တရားစုတို့၌ ညီညွတ်အောင် အားထုတ်မနေရတော့ပဲ လျစ်လျူရှုခြင်းသဘောကို ဆိုလိုပါသည်။
(တတြမဇ္ဈတ္တုပေက္ခာ)

(၉) မိမိရရှိခံစားရမည့် ဈာန်ချမ်းသာကိုပင် ချမ်းသာမှုသို့မကျရောက်စေပဲ လျစ်လျူရှုခြင်းကို ဆိုလိုပါသည်။ (ဈာနုပေက္ခာ)

(၁၀) ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏဓမ္မတို့မှ သန့်စင်နေပြီဖြစ်၍ ထိုတရားဆိုးတို့ မဖြစ်စေရအောင် ကြောင့်ကြမှု မပြုရတော့သည်ကို ဆိုလိုပါသည်။
(ပါရိသုဒ္ဓုပေက္ခာ)

ရဟန်းတပါး သစ်ပင်ခုတ်မှု-

ဘူတဂါမသိက္ခာပုဒ်-

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံး နေတော်မူသော အခါ အာဠဝီပြည်သား ရဟန်းတို့သည် အမှုသစ်ကို ပြုလုပ် ကုန်သော် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်၏။

အာဠဝီပြည်သား ရဟန်းတစ်ပါးသည်လည်း သစ်ပင်ကို ခုတ်ဖြတ်ရာ ထိုသစ်ပင်ကို စိုးအုပ်၍ နေသော နတ်သမီးသည် ထိုရဟန်းအား ''အသျှင်ဘုရား မိမိ၏ ဗိမာန်ကို ပြုလုပ်လို၍ အကျွန်ုပ်၏ ဗိမာန်ကို မခုတ်ဖြတ်ပါလင့်'' ဟု ဆို၏။ ထိုရဟန်းသည် (ထိုနတ်သမီး၏ စကားကို) နားမထောင်မူ၍ ခုတ်ဖြတ်မြဲ ခုတ်ဖြတ်လေရာ ထိုနတ် သမီး၏ ကလေးလက်မောင်းကို ခုတ်ဖြတ်မိ၏။ ထိုအခါ ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ် လိုက်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။

ထို့နောက် ထိုနတ်သမီးအား ''ငါသည် ဤရဟန်းကို ဤနေရာ၌ပင် သတ်ဖြတ် ခြင်းသည် မသင့်လျော်ချေ၊ စင်စစ်သော်ကား မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ရမူ ကောင်း လေရာ၏'' ဟု အကြံဖြစ်ပြန်၏။

ထိုအခါ ထိုနတ်သမီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်၏။ နတ်သမီး ကောင်းလေစွ ကောင်းလေစွ၊ နတ်သမီး သင်သည် ထိုရဟန်းကို မသတ်ဖြတ်ခြင်းသည် ကောင်းမွန်လှပေစွ၊ နတ် သမီး သင်သည် ထိုရဟန်းကို အကယ်၍ သတ်ဖြတ်မိပါမူ သင့်အား မကောင်းမှု တိုးပွားလေရာ၏။ နတ်သမီး သင် သွားချေ လော့၊ ဤမည်သော အရပ်၌ ရှိသော သစ်ပင်သည် (အုပ်စိုးသူ နတ်မှ) ကင်းဆိတ်၏။

ထိုသစ်ပင်ကို စွဲမှီ၍ နေလေလော့ဟု မိန့်တော်မူ၏။

လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိသနည်း၊ သူတစ်ပါး တို့ကိုလည်း ခုတ်ဖြတ် စေကုန်ဘိသနည်း။ သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည် တစ်ခု သော ဣနြေ္ဒရှိသော အသက်ကို အဘယ့်ကြောင့် ညှဉ်းဆဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန် ၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားတို့ကို ကြားကြသည်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အာဠဝီပြည်သား ရဟန်းတို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိ သနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်၏။ သူတစ်ပါး တို့ကိုလည်း ခုတ်ဖြတ်စေကုန်၏ ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သစ်ပင်ကို ကိုယ်တိုင်လည်း ခုတ်ဖြတ်ကုန်ဘိ သနည်း၊ သူတစ်ပါးတို့ကိုလည်း ခုတ်ဖြတ်စေကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ လူတို့သည် သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကြ ကုန်၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော
သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။
၆ဝ။ ၁၁-၉ဝ။ ''ကြီးပွားပြီး ကြီးပွားဆဲဖြစ်သော မျိုးစေ့ မြက်သစ်ပင် အပေါင်းကို ခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

ဆက်လက်၍ အကျယ် ရှာဖွေ လေ့လာကြပါကုန်...

၁ - ဘူတဂါမသိက္ခာပုဒ်၊ ဘူတဂါမဝဂ်၊ ဘိက္ခုပါစိတ်၊ ပါစိတ်ပါဠိတော်။ ဝိနည်း။

Monday, May 12, 2008

ဓမ္မစကြာ ပါဠိတော် မြန်မာပြန်

မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ ဟောကြားတော်မူသော တရားတော်-


ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာသုတ်ပါဠိတော်

( ဆဋ္ဌသံဂါယနာမူ )

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

( ဓမ္မစကြာအမွှန်း )

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
(ခ) သဟမ္ပတိ နာမကေန၊ မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။
(ဂ) နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ။
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။

( နိဒါန်း )

ဧဝံ မေ သုတံ- ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ။

( မမှီဝဲသင့်သော အဖို့အစွန်း ၂-ပါး )

ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

( မဇ္ဈိမ ပဋိပဒါနှင့် ယင်း၏အကျိုး )

ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ၊
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။

သေယျထိဒံ-
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

( ဒုက္ခသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

( သမုဒယသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ။ သေယျထိဒံ- ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

( နိရောဓသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

( မဂ္ဂသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

( ဒုက္ခသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခံ အရိယသစ္စ'' န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( ဒုက္ခသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( ဒုက္ခသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( သမုဒယသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( သမုဒယသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( သမုဒယသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( နိရောဓသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( နိရောဓသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( နိရောဓသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( မဂ္ဂသစ္စာ၌ သစ္စဉာဏ် )

''ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( မဂ္ဂသစ္စာ၌ ကိစ္စဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( မဂ္ဂသစ္စာ၌ ကတဉာဏ် )

''တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ''န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

( ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ )

ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'' တိ ပစ္စညာသိံ။

( ဘုရားအဖြစ် ဝန်ခံတော်မူပုံ )

ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ''အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'' တိ ပစ္စညာသိံ။

( ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ )

ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။

( ပဉ္စဝဂ္ဂီတို့နှစ်သက်ကြပုံ )

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

( အရှင်ကောဏ္ဍည တရားထူးရပုံ )

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ ''ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ။

( နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ )

ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ပရနိမ္မိတဝသဝတ္တီနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။


( မြေငလျင်လှုပ်ခြင်း၊ အရောင်အလင်းဖြစ်ပေါ်ခြင်း )

အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။
အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

( မြတ်စွာဘုရား ဥဒါန်းကျူးတော်မူပုံ )

အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ ''အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော'' တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ''အညာသိ ကောဏ္ဍညော'' တွေဝ နာမံ အဟောသီတိ။

( အရှင်ကောဏ္ဍည ရဟန်းအဖြစ် လျှောက်တောင်းပုံ )

အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ ''လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ''န္တိ။

( ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ )

''ဧဟိ ဘိက္ခူ'' တိ ဘဂဝါ အဝေါစ ''သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ'' တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ


၂၀၁၀.၀၅.၀၆

ဓမ္မစက္ကပ္ပဝတ္တနသုတ် မြန်မာပြန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း -

ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စား အားထုတ်ခြင်း လည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း လည်းကောင်း ဤနှစ်ပါးတို့တည်း။

ရဟန်းတို့ ဤအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ သစ္စာလေးပါးကိုသိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာ ငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ် ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း၊ အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း -

မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'၊ မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'၊ မှန်ကန်သော စကား'သမ္မာဝါစာ'၊ မှန်ကန်သောအလုပ် 'သမ္မာကမ္မန္တ'၊ မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' တို့တည်း။

ရဟန်းတို့ မြတ်စွာဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော ဤမြတ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည် လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။ (၁)

ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု 'တဏှာ' ဟူသည် အဘယ်နည်း၊ ကာမ၌ တပ်မက်မှု 'ကာမတဏှာ'၊ သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဘဝတဏှာ'၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တပ်မက်မှု 'ဝိဘဝတဏှာ' တို့တည်း။ (၂)

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု 'တဏှာ' ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏။ (၃)

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သော အမြင် 'သမ္မာဒိဋ္ဌိ' ။ပ။ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ' တို့တည်း။ (၄)

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှား ဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ'' ဟု (ဘုရား မဖြစ်မီ) ရှေးက မကြားဖူး ကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (၁)

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ'သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်အပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားကို ပယ်ပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ်'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၂)

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက် ပြုအပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားကို မျက်မှောက်ပြုပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၃)

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားမည်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများအပ်၏'' ဟု (ဘုရားမဖြစ်မီ) ရှေးက (မကြားဖူး ကုန်သော မဂ္ဂသစ္စာ တရားတို့၌) ငါဘုရားအား။ပ။ ထင်ရှားဖြစ်၏၊ ရဟန်းတို့ ''ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများပြီးပြီ'' ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားအား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (၄)

ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ် သေးသမျှ ကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်မခံခဲ့ချေ။

ရဟန်းတို့ ''ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏၊ ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် အသျှင်ကောဏ္ဍညအား ''ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏'' ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။

ဤသို့ မြတ်စွာဘုရားသည် ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်ရှိသော် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏'' ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရား ဟောတော်မူ၏'' ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏။

စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည်။ပ။ ယာမာနတ်တို့သည်။ပ။ တုသိတာနတ်တို့သည်။ပ။ နိမ္မာနရတီနတ်တို့သည်။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ပ။ ''မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာ တစ်ဦးတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို ဟောတော်မူ၏'' ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင် ကောင်းချီးသံသည် ပြန့်နှံ့၍ တက်၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ မြတ်စွာဘုရားသည် ''ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ ဤဥဒါန်းကို ကျူးရင့်တော်မူသောကြောင့်သာလျှင် အသျှင်ကောဏ္ဍညအား 'အညာသိ ကောဏ္ဍည' ဟူ၍သာ အမည်တွင်၏။ 1081

၁ - ဓမ္မစက္ကပ္ပဝတ္တနသုတ်၊ ဓမ္မစက္ကပ္ပ၀တ္တန၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ဓမ္မစကြာ ဓမ္မစကြာသုတ် ဓမ္မစက္က ဓမ္မစက္ကပ္ပဝတ္တန

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး-

ဒါတွေလှူလျှင် အပါယ်လားတတ်ပါသည်-

အပါယ်-

အပါယ်လားကြောင်းအလှူမျိုး ၁၀-ပါး

မပေးလှူကောင်းသော အလှူဆယ်မျိုး၊ ပေးလှူသော် အပါယ်ကျတတ်၏၊


(၁) သမဇ္ဇဒါန၊ ကချေသည် အငြိမ့်ဇာတ်ပွဲ အလှူ၊
(၂) မဇ္ဇဒါန၊ သေရည်အရက် အလှူ၊
(၃) ဣတ္ထိဒါန၊ မိန်းမ အလှူ၊
(၄) ဥသဘ ဒါန၊ နွားမများထံ နွားထီးလွှတ်ခြင်းမျိုး အလှူ၊
(၅) စိတ္တကမ္မ ဒါန၊ ကာမဂုဏ်ကို နှိုးဆွပေးသော ပန်းချီဓါတ်ပုံ အလှူ၊
(၆) သတ္ထ ဒါန၊ လက်နက်ခဲယမ်းမီးကျောက် အလှူ၊
(၇) ၀ိသ ဒါန၊ အဆိပ်အလှူ၊ သတ္တ၀ါတို့သေစေရန်၊
(၈) သင်္ခလိက ဒါန၊ လက်ထိပ် သံခြေချင်း နှောင်ကြိုး အလှူ၊
(၉) ကုက္ကဋ သူကရ ဒါန၊ ကြက် ၀က် သားကောင် အလှူ၊
(၁၀) တုလာကူဋ မာနကူဋ ဒါန၊ ချိန်စဉ်းလဲ တင်းစဉ်းလဲ အလှူ။

နမော တဿ နှင့် ရှိခိုးခဲ့သူများ-

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-

{{နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ}} ဆို၍
ရှိခိုးသော ပုဂ္ဂိုလ် ၈-ယောက်။

(၁) သိကြားမင်း။
(၂) ကောသလမင်းကြီး။
(၃) ဇာဏုသောဏိ ပုဏ္ဏားကြီး။
(၄) ဗြဟ္မာယု ပုဏ္ဏားကြီး။
(၅) ဓနဉ္ဇာနီ ပုဏ္ဏေးမ။
(၆) အာရာမဒဏ္ဍ ပုဏ္ဏား။
(၇) ကာရဏပါလီ ပုဏ္ဏား။
(၈) မဟိန္ဒမင်းကြီးတို့ ဖြစ်ကြပါသည်။

ပြိတ္တာဖြစ်ပုံ-

ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ပုံကို-

ပြိတ္တာ-

ပေတ၀တ္ထု ပါဠိတော်မှ

မဟာဝဂ်၊ သဋ္ဌိကူဋပေတ၀တ္ထု။

ကြောက်လန့်ပြေးသွား သံတူခြောက်သောင်းတို့သည် ဦးခေါင်းကို အစဉ်ရိုက်ခွဲကြသဖြင့် ဆင်းရဲကြီးစွာ ခံနေရသော ပြိတ္တာဖြစ်ပုံကို မြင်လေသော်-

သင်သည် အဘယ် အကြောင်းကြောင့် ရူးသောသူကဲ့သို့ လည်းကောင်း၊
ကြောက်လန့်သဖြင့် တုန်လှုပ်သော သားသမင်ကဲ့သို့ လည်းကောင်း ထိုမှ ဤမှ ပြေးသွားသနည်း၊ သင်သည် ယုံမှားမရှိလောက်အောင်ပင် ယုတ်ညံ့သော အသက်မွေးမှုရှိလျက် အဘယ်အကြောင်းကြောင့် မြည်တမ်းနေဘိသနည်းဟု အသျှင်မဟာမောဂ္ဂလ္လာန်က မေး၏။

အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသောလားရာ ဒုဂ္ဂတိဘုံသို့ လားရောက်ရသော ပြိတ္တာ ဖြစ်ပါ၏၊ အရှင်ဘုရား အကျွန်ုပ်သည် မကောင်းမှုကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ရပါ၏။

ခြောက်သောင်းတိတိ ပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းကုန်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု ပြိတ္တာက လျှောက်၏။

သင်သည် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အဘယ် မကောင်းမှု ကံကို ပြုခဲ့ပါသနည်း၊ အဘယ် မကောင်းမှုကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်း။

အရှင်ဘုရား အကျွန်ုပ်သည် သစ်ပင်ရင်း၌ ထိုင်နေတော်မူသော အရိယာမဂ်ဖြင့် ပွါးစေအပ်ပြီးသည့် ဣနြေ္ဒရှိသော အရဟတ္တဖိုလ် ဈာန်လည်းရှိသော ကိလေသာကြောင့် ဖြစ်သည့် ဘေးလည်း
မရှိသော သုနေတ္တအမည်ရှိသော ပစ္စေက ဗုဒ္ဓါကို မြင်ခဲ့ပါ၏။

ထိုအခါ ထိုပစ္စေကဗုဒ္ဓါ၏ ဦးခေါင်းကို ကျောက်စရစ်တို့ဖြင့် ပစ်ခတ်သောအားဖြင့် ခွဲခဲ့ဖူးပါ၏၊ အရှင်ဘုရား ထိုကံ၏ အကျိုးကြောင့် ဤသို့သော ဆင်းရဲကို ခံရပါ၏။

ခြောက်သောင်းတိတိ ပြည့်သော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်း၌ အချင်းခပ်သိမ်း ကျပါကုန်၏၊ ထိုခြောက်သောင်းသော သံတူတို့သည် အကျွန်ုပ်၏ ဦးခေါင်းကို ခွဲလည်း ခွဲကြပါကုန်၏ဟု ပြိတ္တာက လျှောက်၏။

သဋ္ဌိကူဋပေတ၀တ္ထု ပြီး၏။

မဟာဝဂ်ပါဠိတော်။
သင်တို့ ဤကဲ့သို့ မခံစားလိုသော် ဘုရား တရား သံဃာကို မပြစ်မှားကြစေလို။

မသင့်သော စီးပွါးရှာဖွေမှု-

ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊ မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး-

အနေသန ၂၁-ပါး

ရဟန်းသာမဏေတို့နှင့် မအပ်စပ်၊
မရှာမှီးကောင်းသော ပစ္စည်းဥစ္စာရှာနည်း ၂၁-ပါး

(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊
(၂) လူတို့၏ ခရီးရှည် စေတမန်လုပ်ခြင်း၊
(၃) လူတို့၏ အနီးအနား အစေအခိုင်းခံခြင်း၊
(၄) အနာကိုဓါးခွဲပေးခြင်း၊
(၅) ဆေးလိမ်းပေးခြင်း၊
(၆) ပျို့အန်ဆေးပေးခြင်း၊
(၇) ၀မ်းနုတ်ဆေးပေးခြင်း၊
(၈) နှာပေးခြင်း၊
(၉) မျက်စဉ်းပေးခြင်း၊
(၁၀) ၀ါးပေးခြင်း၊
(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊
(၁၂) ပန်းပေးခြင်း၊
(၁၃) စားဖွယ်သစ်သီးပေးခြင်း၊
(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊
(၁၅) ဒန်ပူပေးခြင်း၊
(၁၆) မျက်နှာသစ်ရေပေးခြင်း၊
(၁၇) မျက်နှာချေမှုန့် ပေါင်ဒါမှုန့်ပေးခြင်း၊
(၁၈) မြေညက်ပေးခြင်း၊
(၁၉) မိမိကိုယ်ကိုအောက်ချ၍ ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊
(၂၀) လိမ်လည် ၀ါကြွား၍ပြောကြားခြင်း၊
(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြူခြင်း။

မဟာနိဒ္ဒေသ။ ပါ။ ၂၉၀-၃၉၆။ မဇ္ဈိမပဏ္ဏာသ။

ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ၏ သြ၀ါဒ-

ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ၏ သြ၀ါဒ-
ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ
ရွှေဟင်္သာတောရ သီရိမန္တစံကျောင်းတိုက်

၁။ ဂုဏ်ရှိနေငြား၊ ပုဂ္ဂိုလ်အား၊ မုန်းထားမလို၊ ကဲ့ရဲ့ဆို၊ ဂုဏ်ပြိုမသွားပေ။
၂။ ဂုဏ်အနှစ်ကင်း၊ ပုဂ္ဂိုလ်ဖျင်းအား၊ ချီးမွန်းငြားလည်း၊
ဂုဏ်ကားမပို၊ နဂိုအနေ၊ ဂုဏ်ကင်းပေ။
၃။ ဤသို့အမှန်၊ လောကဓံကို၊ ဧကန်ထင်လင်း၊ အမြင်ရှင်း၍၊
သင်္ဂြိုဟ်ကဲ့ရဲ့၊ မဲ့ရွဲ့ဆိုတိုင်း၊ စိတ်ရိုင်းဒေါသ၊ မာန်မထနှင့်။
၎။ စစဖြာဖြာ၊ ဂုဏ်ထူးစွာကို၊ ထုတ်ကာဖေါ်လှိုင်း၊ ချီးကျူးတိုင်းလည်း၊
ဝမ်းထဲလှိုက်ဖို၊ ဘ၀င်စို၍၊ ပိုမိုကဲမောက်၊ ၀မ်းမမြောက်နှင့်။
၅။ ထွင်းဖေါက်မြော်မြင်၊ သူတော်စင်တို့၊ အမြင်မကောင်း၊ ပြစ်ပေါင်းတစိ၊
မကပ်ငြိဘဲ၊ ၀မ်းထဲအဇ္ဈတ်၊ သန္တာန်ဓာတ်၌၊ မြတ်ပါရမီ၊ ဂုဏ်အဆီတို့၊
စုံညီကိန်းကြောင်း၊ တရားပေါင်းကို၊ ထိန်းကျောင်းဆည်းစုရာသတည်း။

Saturday, May 10, 2008

လောကနီတိ အမှတ်-၆၃

လောကနီတိ အမှတ်-၆၃

သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းသော်လည်း
တွင်းမှထွက်သော ရေချိုကဲ့သို့ အသုံးဝင်၏။

သူယုတ်မာတို့၏ ဥစ္စာသည် များပင်များသော်လည်း
သမုဒ္ဒရာမှ ဆားငန်ရေကဲ့သို့ အသုံးမ၀င်ချေ။

Thursday, May 8, 2008

အကျင့် သိက္ခာ၏ အားနည်းကြောင်း-

အကျင့် သိက္ခာ၏ အားနည်းကြောင်း-

သိက္ခာသုတ်

ရဟန်းတို့ အကျင့် သိက္ခာ၏ အားနည်းကြောင်းတို့သည် ဤငါးမျိုးတို့တည်း။


၁။ သူ့အသက်သတ်ခြင်း။
၂။ သူ့ပစ္စည်းခိုးယူခြင်း။
၃။ သူ့သားမယား စော်ကားခြင်း။
၎။ လိမ်လည်ပြောဆိုခြင်း။
၅။ သေရည် သေရက်ကိုသောက်ခြင်း တို့တည်း။

ရဟန်းတို့ ဤသည်တို့ကား အကျင့်သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့တည်း။

အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန်-

ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများ အပ်ကုန်၏။

၁။ အကြီးအမှူးရှိသော တည်ကြည်မှု သမာဓိ
၂။ အားထုတ်မှု ၀ီရိယလျှင် အကြီးအမှူးရှိသော သမာဓိ။
၃။ စိတ်လျှင် အကြီးအမှူးရှိသော သမာဓိ။
၎။ ပညာလျှင် အကြီးအမှူးရှိသော သမာဓိနှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးစေ၏။

ရဟန်းတို့ ဤအကျင့် သိက္ခာ၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန်
ဤဣဒ္ဓိပါဒ် လေးပါးတို့ကို ပွါးများအပ်ကုန်၏ ဟု မိန့်တော်မူ၏။

---သတိပဋ္ဌာန၀ဂ်၌ကဲ့သို့ ဣဒ္ဓိပါဒ်အစွမ်းဖြင့် ချဲ့အပ်၏---

အဂုင်္ုင်္တ္တိုရ်၊ ဣဒ္ဓိပါဒ၀ဂ်၊ သိက္ခာသုတ်။

တရားအားထုတ်လိုသူများမှာ...

တရားအားထုတ်လိုသူများမှာ ဒီတရားများကို ဖြည့်ကျင့်ရပေမည်။

သူတော်ကောင်းတရား ၇-ပါး ကျင့်ရပါမည်။
သမထကမ္မဋ္ဌာန်း ၄၀-မှ သင့်လျှော်ရာကိုလည်း ကျင့်ရပါမည်။
သတိပဋ္ဌာန် တရားတော်များကို လေ့လာ၍ ကျင့်ရပါမည်။

တရားဆိုသည်မှာ ထိုင်နေရုံနှင့် မလုံလောက်နိုင်ပါ၊
နေ့စဉ် ထိုင်နိုင်သည့်အချိန်ကား နည်းပါးလှပေသည်။

မြတ်စွာဘုရားက သွားနေစဉ်, ထိုင်နေစဉ်, ရပ်နေစဉ်, လျှောင်းနေစဉ်, တရားကို ကျင့်ရမည်ဟု ဆုံးမထားပေသည်။ ဒါကြောင့် တရားထိုင်ဆိုတာထက် ငါတရားနှင့် နေမည် တရားကိုကျင့်မည် မတရားကိုရှောင်မည်ဟု ဆုံးဖြတ်သင့်ပေသည်။

ကျောင်းသို့ ရောက်ရှိလာသော သူတော်ကောင်းများကိုတော့...
အာနာပါန ၀င်လေထွက်လေကို အားထုတ်ခိုင်းပြီးနောက် သတိပဋ္ဌာန် သုတ်တော် လာအတိုင်း ကျင့်ခိုင်းပေသည်။ မူရင်းသတိပဋ္ဌာန်သုတ်တော်ကို များများဖတ်၍ လေ့လာ နှလုံးသွင်းရပါမည်။ တရားဆိုသည်မှာကား သိနိုင်ခဲပေသည်၊ အကြိမ် များစွာ နှလုံးသွင်းမှ သဘောကြပေလိမ့်မည်။

သတိပဋ္ဌာန်ကိုတော့ ရေးမပြတော့ပါ၊ မူရင်းဆဋ္ဌမူသည်ကား အသင့်တော်ဆုံး အကောင်းဆုံး၊ သူထက်ကောင်းတာ ရှာမတွေ့တော့ပါ။ ဘုန်းကြီးကိုယ်တိုင်လည်း မူရင်း မြန်မာပြန်အတိုင်း အသံသွင်း၍ နေ့ရောညပါ နားထောင်နေသည်ကား ကြာလှပေပြီ၊ မရိုးနိုင်သော အသံဖြစ်ပေသည်။ သူတော်ကောင်းအပေါင်းတို့လည်း ကိုယ်တိုင် အသံသွင်း၍ နားထောင်ကြည့်ကြပါလေ...။

သူတော်ကောင်းတရား ၇-ပါး-

၁။ သဒ္ဓါ၊ ရတနာသုံးပါးနှင့် ကံတရားကို ယုံကြည်ခြင်း။
၂။ သတိ၊ ကုသိုလ်ကောင်းမှုတို့ကို မမေ့ခြင်း။
၃။ ဟိရီ၊ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
၎။ သြတ္တပ္ပ၊ မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
၅။ သုတ၊ အပြစ်ကင်းသော အကြားအမြင် ဗဟုသုတရှိခြင်း။
၆။ ၀ီရိယ၊ ကုသိုလ်ကောင်းမှုတို့ကို အားထုတ် ပြုလုပ်ခြင်း။
၇။ ပညာ၊ အသိ အလိမ္မာ ဉာဏ်ပညာ။

ဤဖော်ပြပါအရည်အသွေးများကို
သူတော်ကောင်းတရား ၇-ပါးဟူ၍လည်း ခေါ်ဝေါ်ကြသည်။

သမထ ကမ္မဋ္ဌာန်း ၄၀


သတိပဋ္ဌာန် လေးပါး

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်းမှာ-

ဆယ်ပါးသော အ၀ိနယ၀တ္ထုများ-

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်းမှာ
ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်-

(၁) သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၂) ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၃) ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၄) အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၅) အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၆) အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။

(၇) အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။

(၈) ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၉) ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။

(၁၀) ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

Tuesday, May 6, 2008

သတိပဋ္ဌာန် ၄-ပါး မြန်မာပြန်-

စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်-

မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်



ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏စိတ်စင်ကြယ်ရန်
စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်
အရိယမဂ်ကိုရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်

တကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊

ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပေတည်း။

အဘယ်လေးပါးတို့နည်းဟူမူ- - -

ဆက်လက်ပြီး ပူဇော်လိုပါလျှင်၊

လောကနီတိ-၃

လောကနီတိ-

ပျင်းသောသူ အတတ်ပညာ မရနိုင်၊
အတတ်ပညာမရှိသောသူ ဥစ္စာ မရနိုင်၊
ဥစ္စာမရှိသောသူ မိတ်ဆွေ မရနိုင်၊
မိတ်ဆွေမရှိသောသူ ချမ်းသာ မရနိုင်၊
ချမ်းသာမရှိသောသူ ကောင်းမှု မပြုနိုင်၊
ကောင်းမှုမရှိသောသူ နိဗ္ဗာန် မရနိုင်။

ဗုဒ္ဓဖြစ်စဉ် အကျဉ်းမျှသာ-



















Monday, May 5, 2008

နတ် လူတို့ ပျက်စီးကြောင်းတရား-

နတ် လူတို့ ပျက်စီးကြောင်းတရား-

နတ် လူတို့ ပျက်စီးကြောင်းတရား ( ပရာဘ၀သုတ် )

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်ဗြဟ္မာအပေါင်းတို့သည် မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တ၀ါများ၏ ကြီးပွားချမ်းသာကြောင်းများကို သိရှိကြရပြီး ထိုမှတစ်ပါး သတ္တ၀ါများ၏ ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ် လာရ၏။

မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့၌ သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက်ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအတိုင်း မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါသည်။

ပရာဘ၀သုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကပါဠိတော်။