နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 22, 2009

သရဏဂုံကို ဆောက်တည်ခြင်း

ပါယာသိသုတ် (အပိုင်း-၁၇)

သရဏဂုံကို ဆောက်တည်ခြင်း

အသျှင်ကဿပ၏ ရှေးဦးစွာသော ဥပမာဖြင့်ပင်လျှင် အကျွန်ုပ်သည် နှစ်သက်ပါ ၏၊ ကြည်ညိုပါ၏၊ ထိုသို့ ဖြစ်သော်လည်း အကျွန်ုပ်သည် ဤဆန်းကြယ်သော အမေး အဖြေတို့ကို နာကြားလိုသည် ဖြစ်၍သာလျှင် အသျှင်ကဿပကို ဆန့်ကျင် ဘက်ကဲ့သို့ ပြုအပ်သည်ဟု အကျွန်ုပ် မှတ်ထင်ခဲ့မိပါ၏၊

အသျှင်ကဿပ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊
အသျှင်ကဿပ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊
အသျှင်ကဿပ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့ လည်းကောင်း၊
ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့ လည်းကောင်း၊
မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊
''မျက်စိအမြင် ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု
အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း၊

ဤအတူ အသျှင်ကဿပသည် ...
များစွာသော အကြောင်းဥပမာတို့ဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊

အသျှင်ကဿပအကျွန်ုပ်သည် ...
အသျှင် ဂေါတမဗုဒ္ဓကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊

အသျှင်ကဿပသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး ...
ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်သော 'ဥပါသကာ' ဟု မှတ်တော်မူပါ၊

အသျှင်ကဿပ အကျွန်ုပ်သည် ကြီးစွာသော ယဇ်ပူဇော်ခြင်းငှါ အလိုရှိပါ၏၊ ရှည်မြင့်စွာသော ကာလ ပတ်လုံး အကျွန်ုပ်၏ ပွါးစီးခြင်း ချမ်းသာခြင်း ဖြစ်ရာသော ယဇ်ကို အသျှင်ကဿပသည် အကျွန်ုပ်အား ညွှန်ကြားတော်မူပါလော့ဟု လျှောက်၏။

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ပါယာသိသုတ် အစမှစ၍ ဖတ်လိုပါလျှင် --->