နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 29, 2009

မိန်းမ၏ အဖြစ်ကိုလွန်မြောက်လိုသော်...

သံယောဂသုတ်- (ယှဉ်သည်၊ ကိလေသာနှင့်ယှဉ်သည်)

မိန်းမ၏ အဖြစ်ကို လွန်မြောက်လိုသော်...

ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင် တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်။ ပ။

ရဟန်းတို့ ဤသို့လျှင် (မေထုန်နှင့်) ယှဉ်မှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် (မေထုန်နှင့်) မယှဉ်မှု ဖြစ်သနည်း။

၁။ ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌
၂။ မိန်းမဣနြေ္ဒကို နှလုံးမသွင်း၊
၃။ မိန်းမအမူအရာ၊
၎။ မိန်းမ အသွင်အပြင်၊
၅။ မိန်းမ၏ မာန်၊
၆။ မိန်းမ၏ အလိုဆန္ဒ၊
၇။ မိန်းမ၏ အသံ၊
မိန်းမ၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုမိန်းမသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊

ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည် ဖြစ်၍...

၁။ အပသန္တာန်၌ ရှိသော ပုရိသိနြေ္ဒကို နှလုံးမသွင်း၊
၂။ ယောက်ျား အမူအရာ၊
၃။ ယောက်ျား အသွင်အပြင်၊
၎။ ယောက်ျား၏ မာန်၊
၅။ ယောက်ျား၏ အလိုဆန္ဒ၊
၆။ ယောက်ျား၏ အသံ၊
၇။ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုမိန်းမသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊
ထိုခုနစ်မျိုးသော တရားတို့၌ မတပ်မက် မမွေ့လျော်သည် ဖြစ်၍...

အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုမိန်းမအား (မေထုန်နှင့်)ယှဉ်မှု ဟူသော အကြောင်းကြောင့် ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ မိန်းမ၏ အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့ ၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊
ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကိုလွန်မြောက်၏။

၈ - သံယောဂသုတ်-မှ၊ မဟာယည၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။