နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, January 26, 2009

ဌာနိယသုတ် - (အကြောင်းရှိသည်) နီဝရဏ

ဌာနိယသုတ် - (အကြောင်းရှိသည်)

ရဟန်းတို့ ...
ကာမ၌ စွဲမက်မှု 'ကာမရာဂ'၏ အကြောင်း(အာရုံ)ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
ပျက်စီးစေလိုမှု 'ဗျာပါဒ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း အ တိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော လေးလံ ထိုင်း မှိုင်းမှု 'ထိနမိဒ္ဓ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'သည် လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'၏ အကြောင်း(အာရုံ) ဖြစ် ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ် သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း ဖြစ် ၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိ- ကိစ္ဆာ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'သည်လည်း အတိုင်း ထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
သတိသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း
ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏။ ။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ဥပေက္ခာ သမ္ဗောဇ္ဈင်သည်လည်းဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

၃ - ဌာနိယသုတ်၊ ဥဒါယိဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။