နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 24, 2009

ခေတ္တူပမပေတဝတ္ထု- လယ်မြေကောင်းနှင့် တူကုန်၏...

ခေတ္တူပမပေတဝတ္ထု-

လယ်မြေကောင်းနှင့်တူသော ရဟန္တာတို့၌ အလှူဒါယကာ လယ်သမားက လှူဖွယ် ဝတ္တု မျိုးစေ့ကို လှူဒါန်း ပျိုးချခြင်းဖြင့် ကောင်းသော အကျိုးကို ပြိတ္တာတို့ပင် ခံစားရကြောင်း။

ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊ ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့် တူကုန်၏၊ လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊ ဤ (ပေးတတ်သူ, အလှူခံ ပုဂ္ဂိုလ်, လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းခြင်း) ဟူသော အကြောင်းသုံးပါးမှ အကျိုးတရား ဖြစ်ပေါ်လာ၏။၁

(လှူဖွယ်ဝတ္ထုဟူသော) မျိုးစေ့၊ (စွန့်ကြဲပေးကမ်းခြင်းဟူသော) လယ်ထွန်ခြင်း၊ (ရဟန္တာ အရှင်ဟူသော) လယ်မြေ၊ ဤသုံးမျိုးသည် ပြိတ္တာတို့အား လည်းကောင်း, ပေးလှူတတ်သူ ဒါယကာအား လည်းကောင်း(ကျေးဇူးများ၏)။ ထိုဒါနအကျိုးကို ပြိတ္တာတို့ သုံးဆောင် ခံစားရကုန်၏၊ ပေးလှူတတ်သူ ဒါယကာသည် ကောင်းမှု (အကျိုး) ဖြင့် တိုးပွား၏။၂

ဤလူ့ပြည်၌ပင်လျှင် ကုသိုလ်ကို ပြုခြင်းကြောင့် ပြိတ္တာတို့ကိုလည်း ပူဇော်ရ၍ ကောင်းမြတ်သော (ဒါနကုသိုလ်) ကံကို ပြုခြင်းကြောင့် နတ်ပြည်လောကသို့ လည်း ရောက်ရ၏ဟု (ဤ ဂါထာတို့ကိုမြတ်စွာဘုရား ရွတ်ဆိုတော်မူ၏)။၃

၁ - ခေတ္တူပမပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။