နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 25, 2009

(၁၂) ဇရာ မရဏ

(၁၂) ဇရာ မရဏ

ထိုအင်္ဂါ ၁၂-ပါးတို့တွင် အဘယ်သည် ပဋိသန္ဓေနေခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် ဖြစ်သော အိုခြင်း, သေခြင်း 'ဇရာမရဏ' မည်သနည်း။

အိုခြင်း 'ဇရာ' သည် ရှိ၏၊
သေခြင်း 'မရဏ' သည် ရှိ၏။

ဇရာ...
ထိုနှစ်ပါးတို့တွင် အဘယ်သည် အိုခြင်း 'ဇရာ' မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုမင်းခြင်း 'ဇရာ'၊ ရင့်ရော်ခြင်း 'ဇီရဏတာ'၊ သွားကျိုးခြင်း 'ခဏ္ဍိစ္စ'၊ ဆံဖြူခြင်း 'ပါလိစ္စ'၊ အရေတွန့်ခြင်း 'ဝလိတ္တ စတာ'၊ အသက်၏ဆုတ်ယုတ်ခြင်း 'သံဟာနိ'၊ ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်း 'ပရိပါက' သည် ရှိ၏။ ဤသဘောကို အိုခြင်း 'ဇရာ' ဟု ဆိုအပ်၏။

မရဏ...
ထိုနှစ်မျိုးတို့တွင် အဘယ်သည် သေခြင်း 'မရဏ' မည်သနည်း။
ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ စုတေခြင်း 'စုတိ'၊ ရွေ့လျော့ခြင်း 'စဝနတာ'၊ ပျက်စီးခြင်း 'ဘေဒေါ'၊ ကွယ်ပျောက်ခြင်း 'အန္တရဓာန'၊ သက်ပြတ် သေဆုံးခြင်း 'မစ္စုမရဏ'၊ သေဆုံးချိန်ကို ပြုခြင်း 'ကာလကိရိယာ'၊ ခန္ဓာတို့၏ ပျက်စီးခြင်း 'ခန္ဓဘေဒ'၊ အလောင်းကောင်ကို စွန့်ပစ်ခြင်း 'ကဠေဝရနိက္ခေပ'၊ ဇီဝိတိနြေ္ဒ၏ ပြတ်ခြင်း 'ဇီဝိတိန္ဒြိယဥပစ္ဆေဒ' သည် ရှိ၏။ ဤသဘောကို သေခြင်း 'မရဏ' ဟု ဆိုအပ်၏။
ဤသို့ ဤဆိုခဲ့ပြီးသော အိုခြင်း 'ဇရာ', ဤဆိုခဲ့ပြီးသော သေခြင်း 'မရဏ' ကို ပဋိသန္ဓေနေခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့်ဖြစ်သော အိုခြင်း ဇရာ', သေခြင်း 'မရဏ' ဟု ဆိုအပ်၏။

ပဋိစ္စသမုပ္ပါဒ်သုတ္တန်နည်း-မှ၊ ဝိဘင်္ဂင်္ပါဠိတော်၊ အဘိဓမ္မာပိဋက။

ဇာတိ-------သောက