နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 7, 2009

ဝိသာရဒသုတ်- (ကျွမ်းကျင်သည်-ရဲရင့်သည်)

ဝိသာရဒသုတ်- (ကျွမ်းကျင်သည်-ရဲရင့်သည်)

ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်း...

၁။ အဆင်းအား၊
၂။ စည်းစိမ်ဥစ္စာအား၊
၃။ ဆွေမျိုးအား၊
၎။ သားသမီးအား၊
၅။ သီလအားတို့တည်း။

ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ ဤအားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်
မကြောက်မရွံ့ ရဲရင့်စွာ အိမ်၌ နေရ၏ ဟု (မိန့်တော်မူ၏)။

၁ - ဝိသာရဒသုတ်၊ ဗလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်၊

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။