နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 11, 2009

မိုးကြိုးပစ်သော်လည်း မထိတ်လန့်သူ...

မိုးကြိုးပစ်သော်လည်း မထိတ်လန့်သူ...

ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုး ပစ်သော်လည်း မထိတ်လန့်ကုန်။

အဘယ်နှစ်မျိုးတို့နည်းဟူမူ-

၁။ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ လည်းကောင်း၊
၂။ သားများသနင်း ခြင်္သေ့မင်း လည်းကောင်းတို့ တည်း။

ရဟန်းတို့ ဤနှစ်မျိုးတို့သည် ...
မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန် ဟု (မိန့်တော်မူ၏)။

၆၀- ပုဂ္ဂလ၀ဂ်-မှ၊ ဒုတိယပဏ္ဏာသက၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။